Part...48

5.1K 236 14
                                    

"သိပ်လည်းမာန်တက်မနေနဲ့ ကျွန်မ
ပြောခဲ့တာ သတိရသေးလား ရှင်တို့ဘယ်တော့မှ မပျော်စေရဘူး။
ကျွန်မရှိနေသရွေ့..."

မျက်လုံးနှစ်ဖက်ကိုပင့်ကာနှုတ်ခမ်း
ထောင့်ချိုးကော့ညွတ်ရုံမျှပြုံးလို့ ပြော
လာသည့်သုမာန်ကို နစ္စ က တစ်ချက်
ကြည့်လိုက်သည်။ ပြီးနောက် ဧည့်ခန်း
ရှိစားပွဲပေါ်မှာအသင့်တင်ထားတဲ့
ဖိုင်တွဲကိုယူကာ သုမာန်လက်ထဲထည့်ပေးလိုက်သည်။

"အဲ့တာကြောင့်လည်း...ရော့ဒီမှာ"

"ကွာရှင်းစာချုပ်"

"လျှော်ကြေးရော ကုမ္ပဏီတစ်ခုပါ
အပိုထည့်ပေးထားတယ်"

"​ဖြောင်း!"

သုမာန် က လက်ထဲထည့်ပေးလာသည့်
ဖိုင်ကိုအဝေးသို့လွှင့်ပစ်ကာ သူမအား တန်ဖိုးဖြတ်လိုက်တဲ့ ယောက်ျားရဲ့ပါးကိုရိုက်ပစ်လိုက်သည်။

"မင်း...ဟာ...ဒီမိန်းမ...မင်းလက်မှတ်
ထိုးထားလိုက် ငါပြန်လာရင်မမြင်ချင်
ဘူးကြားလား"

"ရှင်ပေါင်းချင်တိုင်းပေါင်း ကွာချင်
တိုင်းကွာရအောင် ကျွန်မကတန်ဖိုးမဲ့
မနေဘူး!"

လှည့်ထွက်လာရင်းမှ သုမာန်၏
စကားကြောင့် နစ္စက တဖန်လှည့်
ကြည့်လာသည်။

"ငါကပေါင်းချင်တာဟုတ်လား
သားလေးရှိနေလို့သာ မင်းကိုသည်းခံ
ခဲ့တာ ငါ့သားသာ မရှိရင် မင်းကို
ကွာရှင်းလိုက်တာကြာရောပေါ့။
မင်းတို့သားအမိရဲ့ကောက်ကျစ်မှုတွေ
ကို ငါမသိဘူးမထင်နဲ့။ မင်းရော
မင်းအမေပါ ဘယ်ခြေလှမ်းလှမ်းနေ
လည်း ငါအကုန်သိတယ်။
ငါ့သားကြောင့်သာ ငါသည်းခံခဲ့တာ"

အိမ်အပြင်သို့ထွက်သွားသော နစ္စကို
ကြည့်ရင်း သုမာန်၏ခံပြင်းဒေါသများ
ဟာ ထိန်းလို့မရခဲ့။ စားပွဲပေါ်မှာရှိနေတဲ့ ပန်းအိုးကိုကောက်ယူကာ သူမကို ကျောခိုင်းထွက်သွားတဲ့ ယောက်ျားကို
ဦးတည်ပစ်ပေါက်ခဲ့ပေမယ့် အပြင်သို့ရောက်နှင့်သွားတာကြောင့် မထိမှန်ခဲ့။
နံရံထက်ကိုသာ ထိမှန်လို့ အစိတ်စိတ်
အမွှာမွှာ ကွဲကြေသွားခဲ့သည်။

"အား...ရှင်ကျွန်မကို ဒီလိုလုပ်လို့
မရဘူး ဒီလိုလုပ်လို့မရဘူး ကျွန်မလို
မိန်းမကို ရှင်ဒီလိုလုပ်လို့မရဘူး"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tempat cerita menjadi hidup. Temukan sekarang