ကိုယ့်မင်းအနားမှာ မရှိခိုက်
မင်းတစ်ယောက် ခလုတ်မထိဆူး
မငြိဖို့ တောင်းလိုက်ရတဲ့ဆုတွေ
ဘုရားတောင် နားငြီးရောပေါ့။
နားပူနားဆာလုပ်တယ်လို့ မထင်
လေနဲ့ မိုးနတ်မင်းကြီး။
ကျွန်တော့်ကလေးလေး က
နမော်နမဲ့လေးမို့ သိပ်စိတ်ပူရပါတယ်။ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
နစ္စသက်ပြင်းတစ်ချက်ရှိုက်လိုက်
သည်။ ဝေ့ဝဲလာတဲ့မျက်ရည်စများ
ကြောင့် မျက်လုံးကိုစုံမှိတ်ချလိုက်
တော့ မျက်ခမ်းစပ်မှာ စိုစွတ်သွားတဲ့
အသိက သူ့ကိုပြုံးစေသည်။
သူကောင်းကောင်းကို အသည်းကွဲ
နေတာပဲ။ လူကပုံမှန်လှုပ်ရှားနေပေ
မယ့် နှလုံးသားနိုင်ငံတော်မှာ အုပ်စိုး
သူ ဘုရင်ငယ် ပျောက်နေတော့
အပြိုအလဲပေါင်းများနဲ့ မချိမဆင့်
ဝေဒနာက တစ်ချက်လေးရှိုက်လိုက်
တာနဲ့ ရင်တစ်ခုလုံး ဟက်တက်ကွဲ
သွားတော့မလို ခံရခက်လှသည်။
မငိုရဲဘူး။မရှိုက်ရဲဘူး ပြောရင်
ဒီလူကြီး သရဲဘောကြောင်လိုက်
တာလို့ မင်းစွပ်စွဲလေမလားမျှမ်း။
မင်းစွပ်စွဲလေမလား။"ကိုယ်တောင်းပန်ပါတယ် မျှမ်းရယ်"
"ကိုယ်တောင်းပန်ပါတယ်"
"အဲ့ဒီစကားက ရှင်ကျွန်မကိုပြော
ရမှာ"နောက်ပါးမှထွက်လာတဲ့မာန်၏
အသံကြောင့် စကားအခြေအတင်
ပြောဖို့စိတ်ကူးမရှိသဖြင့် နစ္စ အိမ်ထဲ
ကိုသာဝင်လိုက်တယ်။
မျှမ်းပျောက်နေတာ ဒီနေ့နဲ့ဆိုသုံး
ရက်မြောက်နေ့ကိုရောက်နေပြီ။
ဘယ်လိုမှဆက်သွယ်လို့မရသလို
သူ့ရဲ့အလိမ်အညာကိုသိသွားပြီး
ပြစ်တင်ရှုတ်ချမှုလည်း မလုပ်လာ
သေးပေ။ဆိုဖာတွင်လျော့ရဲစွာမှီထိုင်ရင်း
သူ့ဆံပင်တွေကိုသူ ဆွဲဆုပ်နေတဲ့
ရွိုင်းကိုကြည့်ရင်း မာန်ကမဲ့ပြုံးတစ်
ချက်ပြုံးက ရွိုင်းအရှေ့မျက်နှာချင်း
ဆိုင်တွင် ဝင်ထိုင်လိုက်တယ်။
ရွိုင်းကသူ့အပြုအမှုတွေကို သူသတိ
ထားမိဟန်တောင်မရှိ ပုံစံမှာတော်
တော်ကိုမှ သရုပ်ပျက်နေလေသည်။
ဒီတစ်ပတ်အတွင်း ဖြစ်ပျက်နေသည့်
ရွိုင်းရဲ့ပုံစံကို သူမ တကယ်သြချ
မိသည်။ နိုင်းမြေပြည့်စုံ ၏ ညီနဲ့တွေ့
ပြီးတည်းက သရုပ်ပျက်စွာ ဖြစ်ပျက်
နေပုံက အိမ်မှာ မိန်းမနဲ့သားရှ်ိနေ
သည်ကိုပင် သတိရဟန်မရှိ။
တစ်ခုခုကို အသည်းသန်စိုးရိမ်နေ
သည့်ပုံပေါက်နေပြီး အရက်ကိုလည်း
သားငယ်အိပ်သွားတာနဲ့ မူးကွဲနေ
အောင် သောက်တတ်နေလေပြီ။
ВЫ ЧИТАЕТЕ
Любовные романы(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...