နစ္စ ရုံးခန်းထဲရောက်သည်နှင့်သုမာန်မှာ
သူ့အနားသို့ လျှောက်လာပြီးလက်ထဲကအိတ်ကို လက်လွှဲယူသွားသည်။"ဟော...ကို လာပြီ "
နစ္စလည်းဆိုဖာခုံတွင်ဝင်ထိုင်ရင်း...
"ထမင်းချိုင့်ထားပြီး သွားလိုက်တာ
မဟုတ်ဘူး""အဲ့လိုမရလို့ပေါ့ ဘုရင်လေးက မူကြိုဆရာမဖုန်းနဲ့ မာန့်ကိုဆက်တယ် ဒီညပါတီရှိတယ် သူ့သူငယ်ချင်းမွေးနေ့တဲ့ ဒယ်ဒီရော မာမီပါ လိုက်ရမယ်တဲ့လေ ကို့ သားအလည်က အိမ်ရောက်မှပြောလည်းရတာကို ဆရာမဖုန်းနဲ့တောင်ဆက်ပြောသေးတာ လည်လွန်းတယ် "
"ဟားဟား သားလေး တောင် ပါတီကို
ကောင်းကောင်းကြီးသိနေပြီ"သားနက္ခ၏ လည်မှုကိုကြားလိုက်ရသဖြင့်
နစ္စသဘောကျစွာအော်ရယ်မိသည်။
ဒီအရွယ်လေးနဲ့ ဆရာမဆီကတောင်ဖုန်းငှါးဆက်တယ်ဆိုပဲ။" ဘယ်သူကအကျင့်လုပ်လိုက်တာလဲပြောအုံး မာန်ကအိမ်မှာနေမယ်ပြောရင် ကို ကအရမ်းပွဲထုတ်ချင်နေတာလေ "
"အင်းလေ မိသားစုရှိတာကြွားရမှာကို
ကို က မကြွားဘဲဝှက်ထားရမှာလား"သုမာန်သဒ္ဒါ လို မိန်းမကိုပိုင်ဆိုင်ထားတဲ့
အပြင် သားနက္ခလိုသူနဲ့ သိပ်ကိုတူလွန်းပြီး
ချစ်စရာအကောင်ပေါက်လေးကို ပိုင်ဆိုင်ထားမှတော့ ပွဲမထုတ်လို့ ပြတိုက်ထဲထည့်ထားရမှာလား။"ဟုတ်ပါပြီ မာန်တို့မိသားစု အရင်ပွဲတွေလိုပဲ ဆင်တူဝတ်ကြမယ်မလား"
"အင်း မာန် အဆင်ပြေသလိုပေါ့"
နစ္စ၏ ဟက်ဟက်ပက်ပက်ရယ်သံကို ကြားပြီးနောက် သုမာန်ပို၍တက်ကြွနေမိသည်။ဘာမမဟုတ်တဲ့မွေးနေ့ပွဲလေးတစ်ခုအတွက် ဟိတ်ဟန်အပြည့်နဲ့ဆင်တူ မဝတ်ချင်သော်လည်း ရွိုင်းနစ္စရန် ကိုပိုင်ဆိုင်ထားတဲ့သူမအနေနဲ့ ဒီလောက်တော့ဟန်အပြည့်နဲ့ရှိသင့်သည်ဟုကောက်ချက်ချမိခြင်းကြောင့်ဆင်တူ
ဝတ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
အမေဖြစ်သူ ဒေါ်သဒ္ဒါမြင့်မိုရ် ကမြေးလေးကိုတွေ့ချင်ကြောင်းပြောသည့်ကိစ္စ ကိုတော့ ရွိုင်း အား အခုနေ ဖွင့်မပြောမိရန်ရွေးချယ်လိုက်သည်။ အမေဖြစ်သူကို တစ်စက်မှအမြင်မကြည်တဲ့ ရွိုင်း က စိတ်ဆိုးသွားခဲ့ရင်သားငယ်လေးသွားချင်တဲ့ မွေးနေ့ပွဲမှာ အသံတိတ်စစ်ပွဲတွေနဲ့
လူပြောစရာမဖြစ်စေချင်။
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...