Part...30

5.2K 232 15
                                    

"ခင်ဗျား မတော်တဆမည်တဲ့ တွေ့ဆုံခြင်းကိုဖန်တီးခဲ့တယ်မလားတိုက်ဆိုင်စွာခွဲခွာရတဲ့အရာကိုရော ခံနိုင်ပါ့မလား"

"ဒီခန္ဓာကိုယ်ကြီးကိုမှအားမနာမခံနိုင်ဘူးလို့ပြောရင်ရော မျှမ်းကယုံမှာလား"

သူ့အပြောကြောင့်မျှမ်းက ခပ်မဲ့မဲ့ပြုံးရင်းမျက်နှာကို တစ်ဖက်သို့စောင်းငဲ့သွားသည်။

"ခွဲခွာရမယ့်အခြေနေတွေက နောင်တ
တရားကိုခေါ်ဆောင်လာတယ်တဲ့"

"ခင်ဗျားနဲ့ရှိချိန် ခင်ဗျားကို ကျွန်တော်
သိပ်တန်ဖိုးထားတာ အခုလိုလမ်းခွဲမယ့်အနေထားရောက်လာတော့လည်း ကျွန်တော် နောင်တမရပါဘူး။
ခင်ဗျားသိပါတယ်ကျွန်တော်က နေတတ်သလိုနေတာ နောင်တတရားကိုလည်းပွေ့ပိုက်ပြီးပူပင်နေမှာ မဟုတ်ဘူး"

ဒီလူနဲ့ခွဲခွာရလည်းသူဟာနောင်တမရကြောင်း ပြောလိုက်ပြီးနစ္စဘက်သို့
လှည့်ကာ သူ့အား ညိုးငယ်စွာကြည့်
နေသော မျက်ဝန်းညိုတို့ကို အမှား
မရှိသောလူပီပီစူးစိုက်ကြည့်လိုက်သည်။

"ခင်ဗျားမှာအိမ်ထောင်ရှိတယ်ဆို"

"မျှမ်းကိုယ့်ကို ချစ်သေးလား"

မေးခွန်းတစ်ခုရဲ့အဖြေက နောက်
မေးခွန်းတစ်ခုဖြစ်လာတယ်။

"မေးခွန်းကိုမေးခွန်းမထပ်ပါနဲ့ဦးနစ္စ"

"မျှမ်းသိချင်တာကို မျှမ်းမေးသလို
ကိုယ်သိချင်တာကို မေးမိတာပါ"

အတ္တကြီးလွန်းတဲ့ဦးနစ္စကြောင့်ခေါင်းခါရမ်းမိသည်။ ဒီလူ့မှာအသိဥာဏ်မရှိတော့ဘူးလား။ ဘယ်လိုမေးခွန်းမျိုးကို မျက်တောင်မခတ်တမ်းမေးနိုင်ရတာလဲ။
တစ်ကိုယ်ကောင်းဆန်လွန်းတယ်ခင်ဗျား။

"ဒီလိုအချိန်မှာ ခင်ဗျားမေးခွန်းရဲ့
အဖြေက ကျွန်တော် ရဲ့ဂုဏ်သိက္ခာနဲ့အရှက်တရားကိုလှောင်ပြောင်စော်ကား
နေသလိုပဲ"

"အချစ်တစ်ခုမှာသိက္ခာတွေ အရှက်
တရားတွေကို ထည့်တွက်ရတာလား"

"အဲ့လိုတွက်ကြေးဆိုရင် မင်းမရှိတဲ့ရက်တွေမှာလွမ်းနေရတဲ့ကိုယ်က စောက်ရှက်
မရှိဆုံး လူသားဖြစ်သွားပြီ"

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Wo Geschichten leben. Entdecke jetzt