Part...33

3.9K 191 20
                                    

ငြိမ်သက်အေးစက်နေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ လူငယ်လေး တစ်ယောက်
​ကလည်း မှိန်ပျပျအသွင်နဲ့ လျှောက်
လှမ်းရင်း အင်္ကျီခေါင်းစွပ်ကိုအတင်း
ဆွဲချနေသည်။ တငွေ့ငွေ့နဲ့လောင်ကျွမ်း
နေသည့် လက်ထဲက စီးကရက်ထိပ်မှာ
စုခဲနေတဲ့ပြာတွေကို တောက်ချရင်း နှုတ်ခမ်းထက်တင်ကာ နက်နက်ရှိုင်း
ရှိုင်း ရှိုက်လိုက်သည်။ နှာခေါင်းထဲမှပြန်ထွက်လာတဲ့ အငွေ့ဖြူဖြူများကြောင့် သူ၏အမြင်များဟာ ပို၍မှိုင်းဝေလာသည်။

ထိုအချင်းအရာကို ယက္ခက သဘော
ကျဟန်နှင့် ခပ်နွမ်းနွမ်းပြုံးရင်း
သစ်ပင်တစ်ပင်၏ ခြေရင်းတွင်ထိုင်
ချသည်။ လက်ထဲက စီးကရက်ကို
တောက်ချလိုက်ပြီး လက်နှစ်ဖက်ကို
တင်းတင်းပိုက်ကာ အိုဆွေးခြောက်
ကပ်နေသည့် သစ်ပင်ကို တစ်ချက်
မော့ကြည့်ရင်း ခေါင်းကို ငိုက်ချလိုက်
သည်။ ကြွေကျမလာတဲ့ ဝေ့ဝဲနေတဲ့
မျက်ရည်စများဟာ အခုမှ တလိမ့်လိမ့်
ကျလာခြင်းကို ဘယ်သူကိုမှ မမြင်စေ
ချင်ပါ။

သစ်ရွက်ခြောက်တွေကြားမှာ
ကျွန်တော် ကိုယ်တိုင်လည်းခြောက်
ကပ်ကပ်ထိုင်ရင်း ရွက်ဝါတွေကလည်း
တလွင့်လွင့်။ သစ်ပင်ကြီးကတောင် တော်တော်လေး အိုဆွေးလို့ပေါ့။
ဒါတောင် အားမနာနိုင်တဲ့ကျွန်တော်က မနှစ်သိမ့်နိုင်တော့တဲ့ သစ်ပင်ကြီး
အောက်မှာ ခိုးငိုလို့။

ဒီအဖြစ်ကိုမြင်ရင် တော်တော်မှအလိုက်
မသိတဲ့ ကောင်လေးဆိုပြီး ခင်ဗျား
တိုးဖျဖျရယ်နေမလား။

ဦးနစ္စ၏ ရယ်သံတိုးတိုးကိုးကြား
ယောင်လာ၍ ယက္ခ လည်းအသံထွက်
အောင် အော်ရယ်မိသည်။
သူရဲ့ရယ်သံများက လွမ်းစိတ်တက်
လာရင် တစစ်စစ်နာကျင်လာတဲ့
နှလုံးသားလေးကို လှောင်ပြောင်
သရော်နေသည်။

ခံနိုင်ရည်ထက်ပိုပြီး အစမ်းသပ်ခံနေရတဲ့ သူ့ကိုယ်သူ အားနာလာ၍ရယ်သံများကို တိခနဲ ချုပ်ငြိမ်းလိုက်သည်။ တစ်ခဏလောက် ငြိမ်သက်နေပြီးမှ ထိုနေရာမှ
ထပြန်လာခဲ့သည်။

ဝတ္တရားမပျက် လွမ်းပြီးပြီလေ။
မျက်ရည်တွေကတောင် အပိုဆောင်း
အနေနဲ့ အလွမ်းသရုပ်ကောင်းကောင်း
ပုံဖော်ပေးခဲ့သည်။ အခုတော့ တနေ့တာ
ကို ဟန်မပျက် ဖြတ်သန်းဖို့ကြိုးစား
ရအုံးမယ်လေ။

ချည်နှောင်ခွင့်ပြုပါ /ချည်နှောင်ခွင့်ပြုပါ ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now