"ဦးဦး မျှမ်း"
"မျှမ်း သားကိုဖမ်းလိုက်"
မျှမ်း အခန်းထဲမှ ထွက်ထွက်လာချင်း
တစ်ယောက်တစ်ပေါက်နှင့် ပြောနေ
ကြတဲ့ သားအဖနှစ်ယောက်ကြောင့်
ကြောင်နေစဥ် ကိုယ်လုံးတီးနဲ့ သူ့ဆီ
ဦးတည်လာနေတဲ့ကလေးကို ကောက်
ချီလိုက်သည်။"သားကြောင့် ဦးဦး ပါဆိုကုန်ပြီ လာတော့ ဒယ်ဒီဆီကို"
"လာဘူး လာဘူး"
"သား နက္ခ"
"ဟွန့်"
ဟွန့်ခနဲတစ်ချက်မဲ့ကာ မျှမ်းအပေါ်
ကုတ်တွယ်နေရာမှ သူ့ဒယ်ဒီကိုယ်ပေါ်
သို့ ကုတ်တွယ်တက်နေသည်ကြောင့်
မျှမ်းနဲ့ နစ္စမှာ လူချင်းတော်တော်မှ
နီးကပ်သွားသည်။နစ္စကတော့ သားကိုကြည့်ပြီးပြုံးနေ
တဲ့ မျှမ်းရဲ့နဖူးကိုတစ်ချက်နမ်းသည်။
ကလေးက ကျောပေးထားသဖြင့်
မမြင်နိုင်ဘူးဆိုတာသိပေမယ့် မျှမ်းက
ပါးပြင်များပူတက်လာသည်ကို နစ္စသိ
သွားမည်စိုး၍ လက်သီးတပြင်ပြင်နှင့်
အံကြိတ်နေသည်။"ခင်ဗျား မပြုံးနဲ့နော်"
"ကျွန်တော်တကယ်ဆွဲထိုးမှာ"
သူ့အပြောကိုဦးနစ္စက လုံးလုံးမျှမကြား
ဟန်ဆောင်ကာ ကလေးကိုလက်လွှဲ
ယူပြီး ပြုံးစစနှင့် ကိုယ်သုတ်အဝတ်စား
လဲပေးနေသည်။
မျှမ်းလည်း အံတကြိတ်ကြိတ်နှင့်
ကြည့်ရင်း သူ့ဧည့်ခန်းကိုသူကြည့်
လိိုက်တော့ ရေစက်များနှင့်ပြန့်ကျဲနေသည်။"ဟ...ဒီသားအဖတွေ တစ်အိမ်လုံး
ရေတွေနဲ့ဖွထားတာပဲ""သားက ရေချိုးပြီး ကိုယ်သုတ်ပေး
ရင် အဲ့လိုပဲ ပတ်ပြေးနေကျ လိုက်ဖမ်း
နေရတယ်""ကိုယ်ပြန်သုတ်ပေးပါ့မယ်"
"အာ...မလိုပါဘူး ရပါတယ်"
ဘာပဲဖြစ်ဖြစ် ကလေးဆိုမှာတော့
ဒီလောက်တော့ရှိမှာပေါ့။ ပြန်သုတ်
ခိုင်းရင် သူရိုင်းရာကျသွားနိုင်သည်
ကြောင့် မျှမ်းက သူ့ဘာသာသူသာ
သုတ်လိုက်သည်။"သားနောက်မလုပ်တော့ဘူးနော်
ဦးဦးမျှမ်း"အနားသို့ပြေးလာကာ သူ့အင်္ကျီစကို
ဆွဲပြီး မျက်နှာငယ်လေးနှင့်ပြောလာ
တဲ့ ကလေးအရှေ့ မျှမ်းကထိုင်ချပြီး
အိစင်းနေတဲ့ ဆံစလေးတွေကို ထိုးဖွ
သည်။
YOU ARE READING
Romance(Unicode) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာန်သဒ္ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မှုမရှိဘဲ သူ့အနားမှာ တစ်သက်လုံး နေပါရစေ။ (Zawgyi) ရွိုင်းနစ္စရန်(Roy) မျှမ်းယက္ခသွေး သုမာနျသဒ်ဒါ . . ရိုးရှင်းစွာပဲဆုလေးတစ်ခုတောင်းပါရစေ။ နာကျင်မ...