အရှင့်အဆောင်တော်ထဲမှ ပစ္စည်းများပစ်ပေါက်၍ ပေါက်ကွဲနေခြင်းအားဖြင့် သူတို့၏ဘုရင်မ ဘယ်လောက်တောင်စိတ်ဆိုးဒေါသထွက်နေသည်ကို ဒန်လုခန့်မှန်းမိသည် .. အခုလို အကြီးအကျယ်ပေါက်ကွဲနေရသည့်အကြောင်းမှာဖြင့် တခြားသောတိုင်းပြည်တခုခုဆီမှ ထိမ်းမြားဖို့ကမ်းလှမ်းလာခြင်းကြောင့်ဆိုသည်မှာ မလွဲပေ ..
အဆောင်တော်ထဲဝင်လိုက်သည်နှင့် မျက်နှာလေးငယ်ကာ ပြေးထွက်လာသော အခြွရေံငယ်နှစ်ဦးအားတွေ့လိုက်ရသည် ..ဒန်လုတယောက်သက်ပြင်းအသာချကာ ဝင်လာခဲ့တော့ မျက်နှာကြီးရဲကာ စာလွှာအားဆုပ်ချေ၍ ထိုင်နေသော သူ၏ဘုရင်မအားတွေ့လိုက်ရသည် ..
"အရှင် စိတ်လျှော့တော်မူပါ "
"မင်းတွေးကြည့်စမ်း ဒန်လု ဒီလိုသေးနုပ်နုံချာလှတဲ့ ဟာတွေကို လက်ဆက်ပီး ဇနီးမယားတယောက်ရဲ့တာဝန်တွေကိုငါကထမ်းဆောင်ရမတဲ့လား.. အချိန်တန်ရောက်ရင်လဲ သူတို့ရဲ့အောက်မှာနေပီး သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းရအုံးမယ် အတင့်ရဲလိုက်တဲ့ဟာတွေ "
မျက်လုံးများရဲကာ လက်သီးတွေဆုပ်ရင်း ပြောနေတဲ့သူ့ရဲ့ဘုရင်မအားကြည့်ကာ ဒန်လုဘာပြောရမလဲပင်မသိတော့ ဒီလိုအခြေနေမျိုးကြုံရတိုင်း ဘုရင်မရဲ့ဒေါသကြီးစွာပေါက်ကွဲမှုကို တွေ့ရပီး ထိုလက်ဆတ်ရန် စာလွှာပို့ခဲ့သည့်တိုင်းပြည်တိုင်းဟာ စစ်ကြေညာခြင်းကိုခံရတော့သည် .. ပီးရင်အမြစ်ဖျက်ချေမှုန်းခံရပီး ထိုဘုရင်မှာအသက်ရှင်ဖို့အကြောင်းမရှိ ..
" ဒီလို နုံချာတဲ့ဟာတွေအတွတ် ဒေါသထွက်မနေပါနဲ့အရှင်ရယ် ဦးနှောက်မဲ့ပီး အသိဉာဏ်မရှိလို့လဲ ဟန်တိုင်းပြည်ရဲ့ ဘုရင်မကို အခုလိုပို့ရဲတာပါ "
ဒန်လု၏စကားကြောင့် စိတ်အနည်းငယ်ပြေသွားသည့်ပုံနှင့် ဘေးနားရှိခုံပေါ်မှ ရေအားယူသောက်နေလေသည်..ဒန်လုမှာ အခုမှပဲစိတ်အနည်းငယ် အေးသွားရတော့သည်.. ဒန်လုဆိုတာက မွေးကတည်းပင်နန်းတော်ထဲတွင်ကြီးလာခဲ့ပီး သိတတ်စအရွယ်ကပင်ဘုရင်မ၏အနားတွင် အသုံးတော်ခံလာခဲ့သူဖြစ်သည်.. ထိုကြောင့်လဲ ဘုရင်မဟန်မာရီ စိတ်ဆိုးဒေါသထွက်သည့်အခါတိုင်း ဒန်လုတယောက်ပင် စိတ်ပြေအောင် လုပ်နိုင်သည်..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )