Part - 32 [Unicode]

3.9K 404 9
                                    

အသံလာရာနောက်ဖက်သို့ ဟန်မာရီ လှည့်ကြည့်မည်အပြု ..

" မလှုပ်နဲ့နော် .. ခေါင်းမပြတ်ချင်ရင် ငြိမ်ငြိမ်နေ ... ရွှီးးးးး ..."

ဟန်မာရီ၏လှုပ်ရှားမှုသည် နောက်ပါးဆီမှတားမြစ်သံနှင့် လည်ပင်းနားတွင်တင်ထားသော အရာ၏ပို၍တိုးကပ်လိုက်မှုကြောင့်  ငြိမ်လိုက်ရတော့သည် ... ထိုသူသည် ဟန်မာရီအား ချိန်းခြောက်ရင်းဖြင့်ပင် ပါးစပ်ထဲလက်နှစ်ချောင်းထည့်မှုတ်၍ အသံပြုအချက်ပြခြင်းကိုပြုလိုက်‌လေသည် ...

" ..... "

ထို့သို့အသံပြုပီးသိပ်မကြာပေ ဘေးနားသစ်ပင်များအပေါ်မှတမျိုး အပင်များ၏ နောက်ကွယ်မှတမျိုး လူတချို့ကထွက်ပေါ် လာကြတော့သည် .. ပီးနောက် ဟန်မာရီအားဝိုင်းလိုက်တော့သည် ..

" အမအားလီ .. "

သူ့အားဝိုင်းထားသော လူများဆိုသည်မှာ ဆယ်နှစ်ဝန်းကျင် ကလေးများပင်ဖြစ်တော့သည် .. သူတို့ထဲက အကြီးဆုံးဖြစ်ပုံရသည့် ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ဝန်းကျင် ကောင်လေးသည် နောက်ပါးမှသူ့အားဓားဖြင့်ထောက်ထားသောသူအား ခေါ်လိုက်ခြင်းပင် ..

" အင်း ... ရှောင်အန်း .. "

ထိုအားလီဆိုသော မိန်းကလေးသည် ကောင်လေးအား အသိမှတ်ပြုလိုက်ရင်း ဟန်မာရီ၏ရှေ့သို့လျှောက်လာတော့သည် ..

ထိုမိန်းကလေးသည် အသက်အားဖြင့် 15နှစ်ဝန်းကျင်လောက်သာရှိပုံပေါ်ပီး ခရမ်းရင့်ရောင် ချည်ထည်အားဝတ်ဆင်ထားလေသည် .. ထိုဝတ်စုံ၏အပေါ်တွင် အနက်ရောင်ဖျင်ကြမ်းပဝါအထူအား ဖခုံးတခြမ်းမှထပ်၍ခြုံချည်ထားပီး ကျောနောက်ဘက်တွင် မြှားတံအပြည့်ထည့်ထားသော ဝါးဆစ်အိုးလေးအား သိုင်းလွယ်ထားသေးသည် .. သူမသည်ဖခုံးအကျော်လောက်သာရှိသည့်ဆံပင်အတိုအား မြင့်မြင့်စီးထားကာ ခရမ်းရောင်ချည်သားအဝတ်စဖြင့် ချည်ထားသည် .. မျက်လုံးအကြည့်များကစူးရှကာ မျက်မှောင်အားအနည်းငယ်ကျုံ့ထားသေးသည် .. နှုတ်ခမ်းအောက်နားတွင်မှဲ့သေးသေးလေးရှိပီး သူမမျက်နှာအားပို၍ကြည့်ကောင်း‌နေစေသည် ..

ခုနဟန်မာရီ၏လည်ပင်းအား ထောက်ထားသည့် ဓားရှည်သည် အခုတွင်တော့ သူမ၏ လက်ထဲတွင် ခန့်ညားစွာရှိနေသည် ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now