ဟန်တိုင်းပြည်ရဲ့နွေဦးပွဲတော်ကြီးက စည်ကားလို့နေသည် .. တနှစ်မှတခါကျရောက်တာမို့ လမ်းတလျောက် လူများမှာလဲပျော်ရွှင်စွာ သွားလာနေကြပီး ပွဲတော်ရက်မှသာရနိုင်သော ပစ္စည်းများရောင်းချသည့် ဈေးသည်များနှင့် ဖျော်ဖြေရေးအဖွဲ့များမှာလဲ ပြည့်ကြပ်လို့နေသည် ..
ရောင်းသူဝယ်သူ လည်ပတ်သူများနှင့် ဟန်တိုင်းပြည်၏နွေဦးပွဲတော်မှာ ရပ်ဝေးမှလူများပင် လာ၍ပျော်တတ်ကြတာမို့ မတူညီသည့် ယဉ်ကျေးမှု အဝတ်စား အပြင်ဆင်များမှာ အသစ်ဆန်းတခုလို စုံလင်ပီး မျက်စိပဒါသရှိလှသည် .. အခုလိုပွဲမျိုးမှာမှ ဝယ်ယူလိုရနိုင်သည့် အိမ်နီးချင်းနိုင်ငံများမှ ရိုးရာ အသုံးဆောင်နှင့် စားစရာများကြောင့် အကုန်လုံးမှ တနှစ်တာလုံးလုပ်ကိုင်စုဆောင်းထားကြသည်များဖြင့် ဝယ်ယူပျော်ရွှင်နေကြသည် ..
.
.
.နွေဦးပွဲတော်ကျင်းပရာ နန်းတော်ထဲတွင်တော့အမျိုးစား အရောင်သွေးစုံလင်လှသော ပန်းများ ၊ အရောင်စုံပိတ်စများဖြင့် အလှဆင်ထားကြသည်.. ပွဲတော်ထဲတွင်တော့ အမတ်များ မြို့စား နယ်စားများ နှင့် ကိုယ်လုပ်တော် များသာမက ရာထူးကြီးတပ်မူးများပါ ရောက်ရှိနေကြပီး ရာထူးအဆင့်အလိုက်ထိုင်နေကြကာ ထိပ်ဆုံးမှနေ၍ အားလုံး၏အမြင့်ဆုံးထိုင်ခုံတွင်တော့ ဘုရင်မဟန်မာရီမှာ လှပခန့်ညားစွာထိုင်နေလေသည်.. အပျိုတော်လေးများမှာတော့ သောက်စရာ စားစရာများအား လိုက်လံဧည့်ခံပေးနေကြသည်..
နွေဦးပွဲတော်၏ဆုတောင်းစကားများအား ပြောပီးသည်နှင့် ဖျော်ဖြေပွဲအားစတင်လိုက်တော့သည် ..
ကပွဲအလယ်သို့တလှမ်းချင်းလှမ်းဝင်လာသော ပျော့ပျောင်းယိမ်းနွဲ့သည့်ကိုယ်ဟန်လေးနှင့်အတူ လှေအဝှေ့တွင် ဝဲလွင့်နေသည့်အစိမ်းရောင် ဆံနွယ်ရှည်တို့ကြောင့် အားလုံး၏ အကြည့်များက ထို့အရာဆီသို့ကျရောက်သွားတော့သည်.. နီညိုရောင်ရင်စည်းနှင့် အစိမ်းရောင်အနုအရင့် ၊နီညိုရင့်ရောင်သုံးမျိုးစပ်ထားသော စကပ်ရှည်တို့အားဝတ်ထားကာ လက်မောင်းနှစ်ဖက်တွင်တော့ အစိမ်းရောင်ပဝါရှည်တို့အားစည်း၍ ဘေးသို့ချထားသည် ..ပုံမှန်အားဖြင့်နွေဦးပွဲတော်တွင် အရောင်ဖျော့ဖျော့လွင်လွင်လေးတွေဝတ်ဆင်တတ်ကြပီး အခုလိုအရောင်မျိုးတွဲစပ်သည်မှာရှာသည် .. ထိုမိန်းကလေးကတော့ ထူးခြားသောဝတ်စားဆင်ယင်မှုနှင့်အတူ အရောင်ရင့်ရင့်တို့အားဝတ်ဆင်ထားသည်.. သို့သော် လတ်ဆက်သစ်လွင်လို့နေပီး မျက်စိပဒါသရှိလှသည် ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )