ဘုရင်မသွားသည့်သုံးရက်အတွင်း ဘာပြသနာမှတော့မရှိခဲ့ပေ .. ရုံလေးတယောက်ဘာတွေကြံစည်နေလဲဆိုတာနားမလည်နိုင် .. ပုံမှန်ဆိုသူကအခုလိုငြိမ်နေမည့်သူမဟုတ် တခုမဟုတ်တခုတော့ ဖိန်းဖိန်းကိုတခုခုလုပ်နိုင်သည် .. ဘာပဲဖြစ်ဖြစ် ဒန်လုသတိကြီးစွာနေရမည် ..
ပြတင်းပေါက်မှနေ၍အပြင်သို့ငေးနေသောဖိန်းဖိန်းအားကြည့်ကာ ဒန်လုသက်ပြင်းချမိသည်..ဘုရင်မ မရှိသည့်ဒီသုံးရက်မှာ ရယ်ရယ်မောမောမရှိပဲ ငေးမော၍သာနေနေသည်လေ .. စကားကို ပုံမှန်ထက်မပြောတတ်သူက သု့စိတ်ထဲခံစားနေရတာကို မပြောတတ်ဘူးထင်သည် .. အရင်လိုတက်တက်ကြွကြွမရှိသည်က အရှင့်ကိုလွမ်းနေသည်မှာသိသာလှသည် ..
" ဒန်လု ... မာရီကပြန်မလာသေးဘူးလား "
မျက်စံအစိမ်းအရောင်ကြည်ကြည်လေးတွေနှင့် မျက်လုံးဝိုင်းဝိုင်းလေးတွေအား ပုတ်ခပ်ပုတ်ခပ်လုပ်ကာမေးလာသော ဖိန်းဖိန်းအား တခါချော့မော့ပြောရပေအုံးမည် .. ဒီသုံးရက်အတွင်း ဒီမေးခွန်းကိုဖြေရသည်မှာ အကြိမ်နှစ်ဆယ်မကတော့ ..
"အရှင်ကပြန်လာနေပါပီ ဖိန်းဖိန်းရဲ့ အခုတောင်ရောက်ခါနီးနေလောက်ပီ "
"တကယ်လား ... ဖိန်းဖိန်း မာရီကိုလွမ်းလှပီ "
ကလေးတယောက်လိုပျော်ရွှင်စွာခုန်ပေါက်နေသောဖိန်းဖိန်းအား ကြည့်ကာပြုံးမိတော့သည်.. ဖိန်းဖိန်းကိုစတွေ့တုန်းကတော့ တိုင်းပြည်တခုခုကသူလျှိုအဖြစ်ရောက်လာသည်ဟုထင်ကာ မယုံသင်္ကာဖြစ်ခဲ့သေးသည် ..သို့သော် သူမ၏ ပွင့်လင်းရိုးသားသောပုံစံနှင့်အတူ ဘုရင်မ၏ သူမကြောင့်ကောင်းမွန်သည့်ပြောင်းလဲလာခြင်းအပေါ် တကယ်ကိုဒန်လုဝမ်းသာမိသည် .. သူမကိုလဲကျေးဇူးတင်မိသည် ဒါကြောင့်လဲသူမကိုကာကွယ်ဖို့ ဒန်လုအစွမ်းကုန်ကြိုးစားမည်ဖြစ်သည် ..
.
.
.
ဘုရင်မပြန်လည်ကြွချီလာပီဟူသည့် သတင်းကြားသည်နှင့် အမတ်များ ကိုယ်လုပ်တော်များ နှင့်အပျိုတော်များအားလုံးမှာ စီတန်း၍ကြိုဆိုနေကြသည် ..ရဲမက်များအားခြံရံကာ မြင်းဖြူကြီးပေါ်တွင်ခန့်ညားစွာရှိနေသော ဘုရင်မဟာတကယ်ကို ကျက်သရေရှိစွာ ကြည့်ကောင်းလွန်းလှသည်.. ဘုရင်မဟာကြီးကျယ်ခမ်းနားလှသော ဝေါယာဉ်ရှိပါသော်လဲ တိုင်းခန်းလှည့်လည်ချိန်မှလွဲ၍ သူ၏ အချစ်တော်မြင်းဖြူကြီးကိုသာစီး၍သွားလေ့ရှိသည် ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )