Extra [Unicod] ⚠️

12.1K 566 23
                                    

အိမ်နီးချင်းနိုင်ငံများသာမက သုံးလောကကိုပါ လွှမ်းမိုးနေသည့်သတင်းမှာ ဟန်တိုင်းပြည်၏ဘုရင်မ ဟန်မာရီရဲ့မင်္ဂလာသတင်းပင်ဖြစ်သည် .. ခေါင်းမာ၍မာနကြီးလှသည့်ဘုရင်မဟန်မာရီလက်ထပ်သည်က မိန်းကလေးတယောက်ဆိုသော သတင်းသည် လူတိုင်း၏ပါးစပ်ဖျားတွင် ပြောစရာတခုဖြစ်လို့နေသည် . .

အနီရောင်အပြင်ဆင်များဖြင့် ခမ်းနားနေသည့် မင်္ဂလာခန်းမအလယ်တွင် အနီရောင် မင်္ဂလာဝတ်စုံအားဆင်မြန်းထားသည့် ဧကရီသည် သူ၏သတို့သမီးအား စောင့်မျှော်လို့နေသည် .. ပုံမှန်မြင်နေကျအနီရောင်ကိုဝတ်လို့ထားတာဖြစ်သော်လဲ မင်္ဂလာဝတ်စုံ၏ ထူးကဲလှသောဂုဏ်အသ‌ရေနှင့် ဘုရင်မ၏ကျော့ရှင်းလှသော အလှတရားတို့၏ပေါင်းစပ်သွားချိန်မှာတော့ မြင်ရသူမျက်စိကျိန်းလောက်အောင်ကျက်သရေရှိလို့နေသည် ...

မင်္ဂလာခန်းမရှိ ပွဲကြွရောက်လာသူများမှာလဲ ဘုရင်မ၏ ရွှန်းရွှန်းစိုနေသောအပြုံးကြောင့် ကြည်နူးခြင်းတို့ကူးစက်ကာ ပြုံးပျော်လို့နေကြသည် ...

" ကြည့်စမ်းပါအုံးဗျာ .. ဟန်ဘုရင်မရဲ့မျက်နှာတော်က အပြုံးတွေနဲ့ရွှန်းစိုနေလိုက်တာ ကျုပ်ဖြင့်ဘုရင်မရဲ့ဒီလိုတောက်ပလွန်းတဲ့အပြုံးမျိုး တခါမှကို မမြင်တွေ့ဖူးခဲ့ဘူး "

" အမှန်ပဲ .. ဘုရင်ဝမ်ရေ .. ဘုရင်မရဲ့အပျော်တွေက မြင်ရသူကိုတောင် ကူးစက်သွားစေတယ် .. "

နှုတ်ဆက်သံ ကြည်နူးစကားသံများက မင်္ဂလာခန်းမအလယ်သို့ သတို့သမီးခေါ်ဆောင်လာသူများကိုတွေ့သည်နှင့် တိတ်ဆိတ်သွားတော့သည် .. တချိန်လုံးလည်တဆန့်ဆန့်ဖြစ်နေခဲ့ပါသော ဘုရင်မသည်လဲ အရောင်လတ်ခါနေသော မျက်ဝန်းများဖြင့် ခန်းမဝင်ပေါက်သို့ ကြည့်နေတော့သည် .. သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပလို့နေသည် ..

တလှမ်းခြင်းလှမ်းဝင်လာပါသော သူ၏ နှလုံးသား မြင်နေကျအရောင်များနှင့်ကွဲစွာ အနီရဲရဲမင်္ဂလာဝတ်စုံက သူ့ကလေးငယ်၏ ကျောက်စိမ်းရောင်အသားရည်နှင့်လိုက်ဖက်သည်ထက်ပိုနေမှာအမှန်ပင် .. အစိမ်းရောင်ဆံနွယ်ရှည်များက အခုချိန်တွင်သေသပ်စွာထုံးဖွဲ့ထားပီး အလှပအဆင်တန်ဆာများဖြင့် အလှဆင်ထားသည် .. သူမ၏မျက်နှာလှလှလေးက အခုချိန်တွင် မင်္ဂလာပဝါဖြင့်အုပ်ထားသောကြောင့် မတွေ့ရသေးသော်လဲ အစွမ်း ကုန်လှရက်နေမှာ သူသိသည် ...

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Donde viven las historias. Descúbrelo ahora