ဟန်မာရီမှာ ဒီရက်ပိုင်းတွင် မကြာခင်ကျင်းပမည့် ချစ်ကြည်ရေးပွဲအတွတ် အလုပ်ရှုပ်နေခဲ့ရသည်.. ပွဲအခမ်းနားနှင့် ဧည့်ခံရေးအတွတ် ဒန်လုအားတာဝန်ပေးထားသော်လဲ ပွဲနေ့တွင် မိန့်ကြားရမည့်တိုင်းပြည်ရေးရာအချက်လက်များနှင့် စုပေါင်းလုပ်ဆောင်သင့်သည်များကို ရှာဖွေကာ စာတမ်းပြုစုနေရသည့်အတွတ် မအားလပ်ခဲ့ပေ ...
အခုလဲ ရှေ့ရက်မှတိုင်ကြားစာများအားဖတ်နေရသောကြောင့် အဆောင်သို့ပြန်ကြွချိန်မှာ အတော်ပင်နောက်ကျနေပီဖြစ်သည်.. ထိန်ထိန်သာသောလအားကြည့်ကာ တိုက်ခတ်နေသောလေအေးတွေကြား ညောင်းညာမှုတွေပင်ပျောက်လို့သွားတော့သည်..
" ကလေးကြီးကတော့ အိပ်နေလောက်ပီ "
" ....... "
နှုတ်မှရေရွတ်ရင်း နှုတ်ခမ်းဖျားများကော့တတ်သွားသည့်ဘုရင်မ၏မျက်နှာတော်ကြောင့် နောက်ပါးမှ ဒန်လုသည်လဲပြုံးမိတော့သည်..
တယောက်တည်းတွေးပီး ပြုံးနေတတ်တာဘယ်နှစ်ခါမှန်းမသိတော့တဲ့ ဘုရင်မဟာ သူ့ကိုယ်သူရောသတိထားမိရဲ့လားမသိ ..
အဆောင်ရှေ့ရောက်သည်နှင့် အလှည့်ကျအပျို
တော်များမှာ ဘုရင်မအားအရိုသေပေးကာနှုတ်ဆက်လာသည်.." ဖိန်းဖိန်း .. အိပ်နေပီလား "
" ကချေသည်ဖိန်းဖိန်းက မှောင်ချိန်မှစ၍ အိပ်တော့မယ်ဆိုပီး ကျွန်တော်မျိုးမတို့ကို အပြင်ကိုထွက်ခိုင်းလိုက်တာပါ .. အထဲကိုဝင်မလာဖို့လဲပြောပါတယ် .. အရှင် "
အပျိုတော်၏လျှောက်တင်ချက်ကြောင့် ဟန်မာရီစိတ်ထဲတမျိုးဖြစ်သွားရသည်.. ပုံမှန်ဆို ဒီလောက်စောစောမအိပ်တတ်သလို အပျိုတော်တွေကိုလဲ နှင်မထုတ်တတ် .. သူ့ဘာသူလုပ်ချင်တာလုပ်ပီးနေတတ်သူဖြစ်ကာ ဘေးတွက်ဘယ်သူရှိနေနေ အာရုံမထားတတ်သူမို့ အခုလိုအပျိုတော်များအား အပြင်သို့ထွက်ခိုင်းသည်မှာ ထူးဆန်းသည် ..
ဟန်မာရီအဆောင်ထဲဝင်လိုက်ပီး အိပ်ရာဆီသို့တန်းသွားလိုက်သည် .. သို့သော်မြင်လိုက်ရသည့် ပြောင်ရှင်းနေသည့် သပ်ရပ်စွာခင်းထားသော အိပ်ရာမှာနေရာပင်မပျက် ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )