" ကိုယ်လုပ်တော်ရွယ်ဟန် "
" ဒန်လု ..ရွယ်ဟန် အရှင့်ကိုလာတွေ့တာပါ . . အရှင်နိုးပါပီလား .. "
"အရှင်က .. ညကအိပ်ယာဝင်နောက်ကျတာကြောင့် ... "
" ငါနိုးနေပါပီ . . . "
ကြည်လင်ပြတ်သားသော အသံနှင့်အတူ တံခါးနောက်မှ ထွက်လာသော ဘုရင်မကြောင့် ဒန်လုရော ရွယ်ဟန်ပါ ခါးညွှတ်အရိုသေပြုလိုက်သည်..
" အရှင် .. "
" အရှင် .. အရှင့်ကိုရွယ်ဟန်လာတွေ့ပါတယ် "
" ခရီးကပြန်ရောက်ပီလား ရွယ်ဟန် . . အစောကြီးလာတွေ့တာ အလောတကြီးပြောစရာများရှိနေတာလား . . အထဲဝင်ခဲ့ပါ .. "
ဘုရင်မနဲ့ ရွယ်ဟန်သည် အခန်းထဲရှိစားပွဲခုံတွင်ထိုင်လိုက်ပီး ဒန်လုက နောက်နားခပ်လှမ်းလှမ်းတွင် ရပ်လို့နေသည်..
" အရှင် . . ကိုယ်လုပ်တော်ရုံအကြောင်းကို ရွယ်ဟန်ကြားရပါတယ် .. ကိုယ်လုပ်တော်ရုံက အရှင့်အတွတ် ခစားခဲ့တဲ့အချိန်တွေကို ငဲ့ညှာပီး . . "
ဘုရင်မရဲ့ မျက်နှာဟာ တည်ငြိမ်နေသော်လဲ မျက်လုံးအကြည့်ကတော့ လေးနက်လို့သွားလေသည်..
" မနက်အစောကြီး ငါ့ကိုလာတွေ့တာက ဒီအကြောင်းပြောဖို့လား . . ရုံလေးကို ငဲ့ညှာဖို့ လာတောင်းဆိုတာလား . . "
" အရှင် . . . "
" နေရာတိုင်းမှာ စိတ်ထားကောင်းမနေစမ်းနဲ့ ရွယ်ဟန် . . မင်းသဘောထားကြီးတာငါသိတယ် .. ရုံလေးက သေသင့်တဲ့အပြစ်ကို ကျုးလွန်ခဲ့တာ . . နယ်နှင်ဒဏ်ဆိုတာက သူ့အတွတ် အသက်ညှာဆုံးသော အပြစ်ဒဏ်ပဲ . . ဒီအတွတ် ငါစကားတွေပြောဖို့ အချိန်မပေးနိုင်ဘူး . . လူတိုင်းကသူ့ရဲ့လုပ်ရပ်အတွတ်တာဝန်ယူရမှာပဲ . . "
ဘုရင်မရဲ့မျက်နှာဟာ အနည်းငယ်ခက်ထန်လာသလို အသံသည်လဲဒေါသသံဆွတ်လို့နေတာကြောင့် သူ၏ဒေါသအားထပ်၍မဆွမိစေရန် ရွယ်ဟန်သည် ခေါင်းငုံ့ကာ ထပ်၍မပြောရဲတော့ချေ . .
" ရွယ်ဟန် . . တောင်းပန်ပါတယ်အရှင် . . ဒီအကြောင်းကိုမပြောတော့ပါဘူး .. "
" ရွယ်ဟန် .. မင်းကစိတ်ထားနူးညံ့လွန်းတယ် .. ဒါကမင်းကိုအားနည်းချက်တခု မဖြစ်စေချင်ဘူး .. အရာရာတိုင်းမှာ အသွားအပြန်ဆိုတာရှိတယ် လူတယောက်ရဲ့မကောင်းမှုက သူ့အပေါ်တန်ပြန်လာမှာပဲ .. ဒါပေမယ့် တခါတလေမှာကျ ကောင်းလွန်းပြန်လဲမကောင်းဘူး ကောင်းမှုအကျိုးကိုလဲ ကိုယ်ပြုတဲ့အတိုင်းပြန်မရနိုင်ဘူး .. ထားပါတော့လေ .. ဒီတခေါက်ခရီးကရော အဆင်ပြေရဲ့လား .."
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )