Part - 20 [Unicode]

5.5K 543 18
                                    

ဒီနေ့သည်ညီလာခံရှိသောကြောင့် အရင်တခါလိုဖြစ်မှာစိုးတာမို့ ဖိန်းဖိန်းအားရွယ်ဟန်ဆီသို့ပို့ထားရသည် ..

" ဖိန်းဖိန်း .. ဘယ်မှလျှောက်မသွားရဘူးနော် ရွယ်ဟန်စကားကို‌နားထောင် .. လိုချင်တာရှိရင် မမကိုပြော .. "

" အင်းပါမာရီရဲ့ .. မာရီသာပီးသွားရင်လာခေါ်နော် "

" အင်း .. လာခေါ်မယ် "

ညီလာခံတခါသွားတတ်ဖို့အရေး ချော့နေရတာနဲ့ အမှာစာတွေတသီကြီးပါးနေရတာနဲ့ တကယ်ပဲ သူတို့ရဲ့ဘုရင်မလို့တောင်ယုံနိုင်စရာမရှိဘူး ..

နောက်တွင်ရပ်၍နေသောဒန်လုကတော့ အငွေ့ပျံနေသည့်မျက်နှာဖြစ်နေတော့သည်.. တော်တော်ဖြစ်နေသည့်သူ့ဘုရင်မအား ဒန်လုမပြောချင်တော့ .. ပြောလို့လဲမရဘူးလေ ဇတ်ပြုတ်သွားမှာပေါ့ .. အဲ့တော့လဲ ဈေးဝယ်သွားမယ့်သားသည်မိခင်ကြီးမှ ငိုကျန်ခဲ့မည့်ကလေးအားချော့မြူနေသည်ဟုသာသဘောထားလိုက်ရသည်..

" ရွယ်ဟန် .. ဖိန်းဖိန်းကိုခဏလောက်ကြည့်ပေးထားပါ .. ငါမင်းကိုစိတ်ချမယ်နော် "

သူ့ရှေ့မှဘုရင်မအားရွယ်ဟန် မယုံကြည်နိုင်လောက်အောင်ဖြစ်နေမိသည်.. ဘာကိုမှ အစွဲလန်းမထားတတ်သော ၊ ဘယ်သူ့ကိုမှစိုးရိမ်ပူပန်တတ်ခြင်းမရှိသော ၊ လေးဆယ်ကျော်သောချောပေ့ လှပေ့ ကိုယ်လုပ်တော်များအား ချစ်ခြင်းဖြင့်ဆိုသောအပြုမူလေး တခုတောင်မပြုလုပ်ဖူးပါသော ဘုရင်မသည် အခုတော့ သူ့ရှေ့မှကလေးမကိုဖြင့် စိတ်မချဖြစ်နေကာ အသေအချာကိုတတွတ်တွတ်မှာ၍နေသည်..

" စိတ်ချပါ အရှင် .. ရွယ်ဟန် ဖိန်းဖိန်းကိုပျော်အောင်ကြည့်ပေးထားပါ့မယ် "

" မင်းကိုကျေးဇူးတင်ပါတယ် .. ဖိန်းဖိန်းငါသွားပီ .. မဆိုးရဘူးနော် .. စိတ်ချမယ် "

" အွန်းပါ ... "

နှုတ်ခမ်းလေးဆူကာပြောရင်း ခေါင်းလေးငုံ့သွားရှာသည့်ကလေးကြောင့် ဟန်မာရီစိတ်မကောင်းဖြစ်သွားရသည်.. တတ်နိုင်ရင်ဒီကလေးမအနားကတစက္ကန့်လေးတောင်မခွာချင်ပါ .. သို့ပေမယ့်လဲ သူသည် တိုင်းပြည်ကိုအုပ်ချုပ်နေရသည့်ဘုရင်မတယောက်ပေမို့ သူ၏နိုင်ငံနှင့်ပြည်သူတွေအတွတ်တော့ တာဝန်ကျေရပေအုံးမည်..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now