'ရွယ်ဟန်'
ဟန်တိုင်းပြည်ရဲ့ဘုရင်မ ဟန်မာရီ၏ နံမည်ခံကိုယ်လုပ်တော် .. ကိုယ်လုပ်တော်ဆောင်တွင်မနေရပဲ ကိုယ်ပိုင်နန်းဆောင်ဖြင့်စံစားရသည့်တဦးတည်းသော ကိုယ်လုပ်တော် .. နန်းတော်ထဲတွင်နေသည်ကရှားပီး အရပ်ရပ်ရှိဘုရားကျောင်းများသို့ လှည့်လည်သွားကာဘာသာရေးပဲလုပ်နေသောသူ .. စိတ်ထားမွန်မြတ်ကာ အေးချမ်းပီး သဘောထားပြည့်ဝသူမို့ နန်းတွင်းတခုလုံးက ချစ်ခင်လေးစားကြသည့် သူ ..( မနာလိုမှုများလှသည့်ကိုယ်လုပ်တော်များမှလွဲ၍ )မျိုးရိုးရွယ်အား ဘုရင်မ၏ဟန်အားထည့်ကာရွယ်ဟန်ဟုအမည်အပ်နှင်းခဲ့ပီး ဟန်နန်းတော်ထဲတွင် မနာလိုခြင်းကင်းကာ အေးအေးဆေးဆေးနေတတ်သော တဦးတည်းသောကိုယ်လုပ်တော် .. အမှန်တွင်တော့လဲ ကိုယ်လုပ်တော်ဆိုသည်မှာရွယ်ဟန်အတွတ်တော့အမည်ခံသက်သက်သာ သူမနန်းတော်ထဲစရောက်ချိန်မှစ၍ ကိုယ်လုပ်တော်အဖြစ်အပ်နှင်းခံရသည့် အချိန်ထိ အိပ်ဆောင်တခါမျှမဝင်ခဲ့ဖူးပေ.. သို့သော် ဒီအကြောင်းရာနှင့်ပတ်သက်ပီး ဘယ်သူမျှ ရွယ်ဟန်အပေါ်လှောင်ပြောင်ရှုံ့ချကာ အထင်သေးမည့်သူမရှိ .. အချင်းချင်း အနိုင်ယူကာချောက်ချတတ်သည့် ကိုယ်လုပ်တော်များပင် ပမာမခန့်မဆက်ဆံရဲ ..
ရွယ်ဟန်သည် ဟန်မာရီထက်ပင်သုံးနှစ်ကြီးပေသည်.. ရင့်ကျက်တည်ငြိမ်ကာ တခါတရံဟန်မာရီစိတ်ရှုပ်ထွေး ဒေါသကြီးသည့်အချိန်တွင် သူ၏စဉ်းစားတွေးတောမှုတို့ဖြင့်ကူညီဖြေရှင်းခြင်းပင်ရှိခဲ့ဖူးသည်။း.. ဟန်မာရီကိုယ်တိုင်သည်လဲ ရွယ်ဟန်အားကိုယ်လုပ်တော်တယောက်လိုမျိုးမဟုတ်ပဲ သူငယ်ချင်းတယောက် အမတယောက်လို သဘောထားကာ အလေးပေးဆက်ဆံတတ်သည် ..သူ၏ဒေါသကြီးရိုင်းစိုင်းသောလုပ်ရက်များတွင်ရွယ်ဟန်မပါခဲ့ပေ .. ရွယ်ဟန်သည် ဒန်လုပီးရင် ဟန်မာရီ၏အယုံကြည်ရဆုံးသောလူယောက်ပင်ဖြစ်သည်..
" မယ်မင်းပြန်ရောက်နေတာလား "
ဟန်မာရီ၏အမေးအား ကြည်လင်သောအပြုံးဖြင့် ခေါင်းအားငုံ့ကာ ..
"မနေ့ညညဉ့်နက်ချိန်မှာပြန်ရောက်တာပါ အရှင် နောက်ကျနေတာကြောင့်ဒီမနက်မှအရှင့်ကိုလာနှုတ်ဆက်မလို့ပါ "
CZYTASZ
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historyczneငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )