ဘုရင် ဖုလုံတယောက် စိုးရိမ်သောကကြီးစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည် ..အကြောင်းကတော့ သူတို့တိုင်းပြည်မှာ ဟန်တိုင်းပြည်နှင့် စစ်ဖြစ်နေရခြင်းကြောင့်ပင် .. ထိုဖြစ်ရခြင်းအကြောင်းမှာလဲသူ၏မိုက်မဲမှုကြောင့်ပင်ဖြစ်သည် .. အခုချိန်မှတော့ နောက်ဆုတ်လို့လဲမဖြစ်နိုင်တော့ အစွမ်းကုန် ခုခံကာကွယ်ဖို့သာ တတ်နိုင်တော့သည် .. ကြားသိရမည့် သတင်းအား မဝံ့မရဲစောင့်မျှော်ရင်း စိတ်ထဲမှလဲသူ့ဘဝရဲ့အဆုံးသတ်ကိုကြိုတင်ပြင်ဆင်နေမိသည် ..
ဘုရင်ဖုလုံ အဘယ့်ကြောင့်စိုးရိမ်နေရသလဲ?
ဟန်တိုင်းပြည် ... ဟန်တိုင်းပြည်ဆိုသည်ကို ကြားလိုက်ရသည့် တိုင်းပြည်တော်တော်များများမှာ ကြောက်ရွံ့သွားရသလို အကဲစမ်းချင်သူများလဲရှိနေကြသည် .. ထိုအကဲစမ်းမိသည့်တိုင်းပြည်တော်တော်များများမှာလဲ ပျက်သုဉ်းသွားရခြင်းများသာ ..ဤသို့သတင်းကြီးလှသည့် ဟန်တိုင်းပြည်ကိုမသိသူများအတွတ် ကြားရသည့်စကားထဲ အံ့ဩသွားစေသည်မှာ နိုင်ငံတိုင်းနှင့်စစ်ပွဲများကို အောင်နိုင်သည့် ဟန်တိုင်းပြည်အားအုပ်စိုးသော ဧကရာဇ်မှာ မိန်းမသားတဦးပင်ဖြစ်သည် ..လွန်ခဲ့သောနှစ်ပေါင်းများစွာမှ အခုလက်ရှိတိုင် များစွာလှသောတိုင်းပြည်များတွင်မိန်းမအုပ်ချုပ်မှုမှာမရှိခဲ့ပေ .. သို့သော် အခုတွင်တဦးတည်းသော မိန်းမဧကရာဇ်ဖြစ်သည့် ဟန်တိုင်းပြည်ကြီး၏ အရှင်သခင် ဘုရင်မဟန်မာရီမှာ အရည်ချင်းရှိယုံသာမက တခြားသော ယောကျာ်းသားဘုရင်များထက်ပင် ဩဇာသမာဓိ ကြီးမားလှသည် .. ဘုန်းတန်ခိုးမြင့်မြတ်လှပီး ရဲစွမ်းသတ္တိပြည့်စုံလွန်းလှတာမို့ အကဲစမ်းမိသည့် တိုင်းပြည်များမှာ ဘုရင်မဟန်မာရီ၏ လက်အောက်သက်ဆင်းကြရမြဲပေ ..
ဘုရင်မဟန်မာရီမှာ ဘုန်းကံကြီးမားယုံသာမက ရုပ်ရည်ပိုင်းမှာလဲ ဝေးလံလှသည့်တိုင်းပြည်များအထိပါ ဂုဏ်သတင်းကျော်ဇောလှလေသည် .. ဘုရင်မဟန်မာရီသည် လှပခြင်း ကျက်သရေရှိခြင်း ပြည့်စုံခြင်းတွေထက်ပင် သာလွန်သည်တဲ့ .. တိုင်းသူပြည်သားတွေအပေါ်မှာလဲ ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်သဖြင့် ဘုရင်မဟန်မာရီအားရိုသေလေးစား ချစ်ခင်ကြကာ အားကိုးယုံကြည်ကြသည် .. သူတို့အတွတ် ကိုးကွယ်ရာ သက်ရှိနတ်ဘုရားလို အလေးမြတ်ထားကြကာ ဘုရင့်မ၏ စကားတခွန်းသည် သူတို့အတွတ် အာဏာစက်တခုလိုအရေးပါလှသည် ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )