တနေကုန်စစ်ရေးလေ့ကျင့်ခြင်းများဖြင့် အလုပ်ရှုပ်နေခဲ့၍ အဆောင်တော်သို့ပြန်ချိန်တွင်ညနေပင်စောင်းနေချေပီ ..
အဆောင်တော်ရှေ့သို့ရောက်သည်နှင့်အပေါက်ဝတွင် မျက်စိမျက်နှာပျက်ကာမတ်တပ်ရပ်လို့နေသော ဒန်လုအားတွေ့လိုက်ရသည်.. ဒန်လုမှာသူ့အားတွေ့သည်နှင့် အပြေးပင်ဂါဝရပြုလာသည်..
" အရှင်ပြန်လာပါပီလား .. "
ဒန်လု၏ပျက်ယွင်းနေသောမျက်နှာဖြင့်အတူ သူ၏အဆောင်တော်တွင်တာဝန်ကျသည့်အပျိုတော်များအားလုံးကပါ မျက်နှာငယ်လေးများဖြင့် အဆောင်တော်အပြင်တွင်တန်းစီ၍ရပ်နေကြသည့်အတွတ် တခုခုဖြစ်ထားပီဆိုတာကို ဟန်မာရီသိလိုက်သည်..
" ဘာဖြစ်နေကြတာလဲ .. ဖိန်းဖိန်းရော "
တနေကုန်မအားလပ်သောကြောင့် သူမလေးကိုပင်ဂရုမစိုက်နိုင်ပေ .. အလုပ်ရှုပ်နေပေမယ့်လဲ ကလေးဆိုးကြီးကိုတော့အချိန်ပြည့်သတိရနေမိသည်.. သူ၏အမေးအား နဂိုကမျက်စိမျက်နှာပျက်နေသည့်ဒန်လုက သက်ပြင်းမောကြီးအားချလိုက်ကာ ..
" မနက်ကအရှင်ထွက်သွားပီး သိပ်မကြာခင်မှာသူမနိုးလာပါတယ် .. နိုးတဲ့အချိန်အရှင့်ကိုမတွေ့တာနဲ့ စိတ်ကောက်ပီး တနေကုန်ဘာမှလဲမစားပါဘူး .. ကျွန်တော်မျိုးမနဲ့အပျိုတော်တွေကိုလဲအဝင်မခံပါဘူး .. ကျွန်တော်မျိုးမအတင်းဝင်ဖို့လုပ်ပေမယ့် ... "
ဒန်လုကဆက်မပြောတော့ပဲခေါင်းကိုသာငုံ့ကာနေတော့သည်..ဟန်မာရီလဲသက်ပြင်းသာချမိတော့သည် ဒီကလေးမအဲ့လောက်ထိဖြစ်မယ်လို့မထင်လို့ သူနိုးတဲ့အထိမစောင့်ပဲထွက်သွားခဲ့တာ ..
အဆောင်ရှေ့မှမျက်နှာငယ်လေးတွေဖြစ်နေကြသော ဒန်လုနှင့်အပျိုတော်များအားကျော်ကာ အဆောင်ထဲသို့အပြေးတပိုင်းဝင်လာခဲ့တော့သည်..
အဆောင်တံခါးဖွင့်သံကြောင့် ခုံပေါ်တွင်ထိုင်ကာစိတ်ကောက်နေသောဖိန်းဖိန်းမှာ နှုတ်ခမ်းဆူကာ လှည့်၍အော်တော့သည်..
" ဘယ်သူမှဝင်မလာနဲ့လို့ပြောထားတယ်လေ "
နှုတ်မှလဲပြောရင်း တံခါးဘက်လှည့်လာသောသူမက ဟန်မာရီတွေ့သည်နှင့် မျက်နှာလေးဝင်းပသွားတော့သည်.. အနားသို့ပြေးလာမည့်ဟန်ပြင်ပီးကာမှ တဖန်မျက်နှာအားဆူပုတ်ကာ ဟန်မာရီအားမျက်စောင်းထိုး၍ တဖက်သို့ပြန်၍လှည့်သွားတော့သည်..
ŞİMDİ OKUDUĞUN
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Tarihi Kurguငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )