Part - 13 [Unicode]

7.7K 637 19
                                    

ဟန်တိုင်းပြည်၏အကြီးဆုံးသော ဈေးဖြစ်သည့် တုဟန်ဈေးကြီးဟာ ဈေးရောင်းသူ ဝယ်သူများ ၊ နယ်လှည့်ကုန်သည်များဖြင့်စည်ကားလို့နေသည် .. တုဟန်ဈေးဟာတိုင်းပြည်အသီးသီးမှကုန်သည်များ ၊ ဈေးသည်များပါ လာရောက်၍ ရောင်းဝယ်ဖောက်ကားကြပီး မျိုးစုံလှသောလက်ဝတ်ရတနာများမှအစ တိုင်းတပါးမှ ရှားပါးသော လက်မှုထည်များနှင့် အထည်စများပါမက တိုင်းပြည်အစုံ၏ရိုးရာမုန့်များကိုပါရနိုင်သည် .. ရိုးရာအကအလှနှင့် မျက်လှည့်ပွဲများပါရှိတာမို့ လူကြီးလူငယ်သဘောကျ လည်ပတ်ကြသည့်နေရာတခုလဲဖြစ်သည် ..

သူ့ရှေ့မှအစိမ်းရောင်အရာလေးမှာ ပျော်ရွှင်မြူးထူးစွာဖြင့် ခုန်ပေါက်နေတော့သည်.. စိတ်ဝင်စားစရာတွေ့သည်နှင့်အပြေးသွားတတ်သောကြောင့် ဟန်မာရီမှာသတိမလွတ်ရဲပေ.. သူမလေးအားစောင့်ကြည့်ရင်း နောက်မှကပ်လို့လိုက်နေရသည်.. ဈေးထဲမှလူများအားလုံးမှာလဲ ထူးခြားလှသောဆံနွယ်အစိမ်းရောင်နှင့် မျက်လုံးစိမ်းစိမ်းလေးတွေရှိ၍ အလွန်လှပသောမိန်းမပျိုလေးနှင့် သူမ၏နောက်ပါးမှထပ်ချက်မကွာလိုက်ထိန်းနေသော ကျက်သရေရှိစွာ ချောမောလှပသည့် မိန်းကလေးတို့အား အထူးဆန်းသဖွယ်လိုက်လို့ကြည့်နေကြသည် ..သို့သော် ဖွေးဆွတ်နေသည့်ဝတ်ရုံဖြူအားဝတ်ထားသော ကျက်သရေရှိလှသည့် အမျိုးသမီး၏အေးစက်စက် အကြည့်တို့ကြောင့် သေချာစိုက်၍မကြည့်ရဲကြပဲ ခိုးခိုးပြီးသာကြည့်နေကြသည်..

ဤတုဟန်ဈေးကြီးသည် ဟန်တိုင်းပြည်၏ အချက်ချာကျသော ဈေးကြီးဖြစ်သည့်အတွတ် နန်းမျိုးနန်းနွယ်များ ၊ မျိုးရိုးမြင့်သခင်လေး သခင်မလေးများပါ လာရောက်တတ်သော်လဲ အခုလိုလိုက်ဖက်၍ ထူးခြားလွန်းလှသောအလှပမျိုးအားမတွေ့ဖူးပေ ..

တဆိုင်ဝင်တဆိုင်ထွက်ကာ အထူးဆန်းသဖွယ်ကြည့်လိုက် အစားစာအစုံအားဝယ်စားလိုက်ဖြင့် ပျော်မြူးနေသော ကလေးမအားကြည့်ကာ ဟန်မာရီသည်လဲ စိတ်ချမ်းသာရသည်.. အစောင့်အကြပ်များအခေါ်ပဲ နှစ်ဦးထဲထွက်လာခဲ့၍ ထိုကလေးမအား သေချာစောင့်ကြည့်နေရသည် ..လှစ်ခနဲပြေးထွက်သွားတတ်သောကြောင့် လှမ်းလှမ်းဆွဲရတာလဲအမော ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now