" ဒန်လု "
ဘုရင်မဟန်မာရီမှာ အနားယူချိန်တိုင်း ပန်းချီဆွဲတတ်သည်မို့ ဒန်လုမှာဘေးမလှမ်းမကမ်းတွင် အသင့်အနေထားဖြင့် စောင့်နေခြင်းဖြစ်သည် ..
" မိန့်ပါအရှင် "
အရှင်၏ အခေါ်အား တလေးတစားထူးလိုက်ရင်း ပြောလာမည့်စကားအား နားစွင့်နေလိုက်သည် ..
" ဒီနေ့ည ရုန်ပင်လယ်ကို သွားမယ် "
"ကောင်းပါပီအရှင် ဒန်လုပြင်ဆင်ထားလိုက်ပါ့မယ် "
သူ့အား ခေါင်းတချက်ညိတ်ပြ၍ ပန်းချီဆက်ဆွဲနေသော အရှင်အား ကြည့်ကာ ဒန်လုရင်ထဲ တမျိုးတမည်ခံစားလိုက်ရသည်.. စိတ်မကောင်းခြင်းလား သနားမိခြင်းလားမသိ .. သူ့လိုအစေခံတယောက်မှ ကြီးမြတ်လှသည့်ဘုရင်မအားသနားသည်ဟု ပြောသည့်အတွတ် ကြားရသူများမှာ ဒန်လုအားလှောင်နိုင်လောက်မည် ..သို့သော်သူ၏ဘုရင်မအကြောင်း သူသာအသိဆုံးပင် ..အခုလိုအရာရာပြည့်စုံသည့်တိုင်းပြည်ကြီး၏အရှင်သခင်မအား ဒန်လုလိုအစေခံတယောက်က အဘယ်ကြောင့်သနားရသလဲ.. ဒီလိုမေးလာသူများအား ဒန်လုဖြေလိုက်ချင်ပါသည် ..အမြဲပင်မျက်နှာတည်၍ အရယ်အပြုံးမရှိသော ဘုရင်မက တကယ်တော့ သိပ်ကိုအထီးကျန်နေရသူပင်.. ရှိသည့်ကိုယ်လုပ်တော်အမြောက်အမြားမှာလဲ မေတ္တာစစ်ဖြင့် ချစ်ပေးသူဟူ၍မရှိ ..ဘုရင်မ၏အာဏာကိုကြောက်၍ရော မိမိတိုင်းပြည်များအတွတ်မတတ်သာလို့ အလိုက်သင့်နေပေးကြသူတွေကများသည် ..တချို့ဆို ဘုရင်မကိုမုန်းတီးနာကျည်းသူများပင်ရှိကြသည် .. မိန်းမသားတဦးဖြစ်ပါသော်လဲ ငယ်စဉ်ကပင် လက်ရုံးရည်ပြည့်စုံလှပီး ဉာဏ်ပညာလဲထက်မြတ်လွန်းလှသည့် ဘုရင်မဟာ နောက်ကွယ်တွင်တော့ မေတ္တာတရားငတ်မွတ်နေရသူပင် ..
အခုလိုကြောက်စရာကောင်းသည်ဟုနံမည်ကြီးလှသော ဘုရင်မက အလှတရားတွင်လဲ သူမတူအောင် ထူးခြားလှပေသည် .. ဘုရင်မ၏များစွာလှသော ချောပေ့လှပေ့ကိုယ်လုပ်တော်များတောင် ဘုရင်မအားမမှီနိုင်ပေ ..ငယ်စဉ်ကပင်အတူကြီးပြင်းခဲ့ရသော်လည်းဘုရင်မ၏အပြုံးအား ဒန်လုတကြိမ်တခါမျှပင် မတွေ့ဖူးခဲ့ပေ .. အခုလိုမျက်နှာကြီးတည်နေတာတောင် ပြီးပြည့်စုံလွန်းသော ဘုရင်မက ပြုံးလိုက်ရင်ဘယ်လောက်တောင်များ လှလိုက်မလဲလို့ ဒန်လုအကြိမ်ကြိမ်တွေးမိသည် ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )