Part - 18 [Zawgyi]

246 10 0
                                    

အရွယ်စားမျိုးစုံ အရောင်သွေးစုံလင်လှသော ကျောက်တုံးများဖြင့်ဝန်းရံထားသည့် ရေကန်ကြီးသည် နေရောင်အောက်တွင် လှပကာ အမြင်ဆန်းလို့နေ‌သည်.. ငြိမ်သက်နေသော်လဲ ကြည်လင်သန့်ရှင်းကာ အပြာရောင်ရှိသောရေကန်ကြီးထဲတွင် အရွက်အဖျား၌အပြာရောင်ရှိသော ကြာပန်းတို့မှာ ခန့်ညားစွာရှိနေသည်..

ရေကန်ကြီးဘေးတွင်တော့ အဖြူရောင်ကျောက်သားအနှစ်ဖြင့်ပြုလုပ်ထားသော စားပွဲနှင့်ထိုင်ခုံနှစ်ခုံရှိပီး မလှမ်းမကမ်းတွင်တော့ ခရမ်းပြာရောင်ပန်းများပွင့်လန်းနေသည့် အပင်များစွာရှိလေသည်.. ထိုပန်းပင်များမှာ လမ်းသဖွယ်ပေါက်နေကြပီး အနီးမဝေးတွင် အပင်ကြီးတချို့လဲရှိနေကြသည်..ထိုအပင်ကြီးတို့၏အရိပ်တချို့မှာရေကန်ထဲသို့ကျရောက်နေသောကြောင့် နေရောင်မှာတကွက် တကွက်ဖြင့် လတ်လတ်ထလို့နေသည်..

ဖိန်းဖိန်းတယောက်ရေကန်ကြီးအားကြည့်ရင်း နှုတ်ခမ်းတို့ပွင့်ဟကာ မျက်လုံးတို့မှာနေရောင်နှင့်ကန်ရေပြင်၏ အရောင်တို့ကြောင့်တဖျပ်ဖျပ်လတ်ခါလို့နေသည်..

ရေကန်ကြီးအားကြည့်နေသောဖိန်းဖိန်း၏ အစိမ်းရောင်မျက်လုံးကြည်ကြည်တို့မှာ ပုံမှန်ထက်ပင်ပို၍အရောင်တောက်နေသည်.. ထိုအခြင်းရာအားဘေးတိုက်အနေထားဖြင့်ကြည့်နေသော ဟန်မာရီမှာ တွေ့လိုက်၍ ဖခုံးမှကိုင်ကာမျက်နှာချင်းဆိုင်အနေထားဖြစ်အောင်ဆွဲလှည့်လိုက်တော့သည်..

" ဖိန်းဖိန်း ... "

သူ၏ဘက်သို့လှည့်လို့လာသော ဖိန်းဖိန်းသည်မျက်လုံးအရောင်တွင်သာမက မျက်ခုံးနှစ်ခုကြားရှိကျောက်ခတ်လေးကပါ အစိမ်းရောင်တို့လျှံထွက်ပီး တဖျပ်ဖျပ်လတ်ခါနေ‌သည်ကိုတွေ့လိုက်ရတော့သည်..

" ဖိန်းဖိန်း .. အဆင်ပြေရဲ့လား .. ဘာဖြစ်တာလဲ .. ဘာလို့မျက်လုံးနဲ့ဒီအမှတ်သားလေးက အရောင်တွေရင့်နေတာလဲ ."

" မာရီ .. "

" အွန်း .. ငါရှိတယ် .. ဖိန်းဖိန်းမင်းနေလို့ကောင်းရဲ့လား .. ဘယ်နားအဆင်မပြေတာရှိလဲ "

" ဖိန်းဖိန်းနေကောင်းပါတယ် .. မျက်လုံးနဲ့အမှတ်သားက‌အရောင်တွေထွက်လာတာက ဖိန်းဖိန်းပျော်လို့ပါ .. မာရီကဖိန်းဖိန်းကိုစိတ်လှုပ်ရှားအောင်လုပ်တာကို ဖိန်းဖိန်းကသဘောအကျကြီးကျသွားလို့ပါ .. အဟီး"

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now