Part - 26 [Unicode]

7.6K 559 40
                                    

လပြည့်ညကျော်လွန်ထားတာမကြာသေးသောကြောင့် လရောင်သည်ဖျော့တော့စွာ လင်းလို့နေသည်.. ဘုရင်မ ထွက်သွားသည်မှာအချိန်အားဖြင့် မကြာသေးသော်လဲ ပွဲအတွင်းတွင်တချို့တလေသာရှိတော့သည်..
ဖြစ်ပျက်သွားသော အဖြစ်အပျက်အား အံ့ဩတကြီးဖြစ်နေရကာ သိချင်စိတ်များ တဖွားဖွားဖြစ်နေကြသည့် လူများကတော့ ဇွဲကောင်းစွာ စောင့်လို့နေသေးသည်.. ဒန်လုသည်လဲ ဘုရင်မ၏အမိန့်ကြောင့် ပွဲရှိဧည့်သည်များအား အစွမ်းကုန် ဖြေရှင်းဧည့်ခံနေရသည်.. သူ၏စိတ်ထဲတွင်တော့ မကောင်းသောအငွေ့အသက်ကိုရနေလေသည်..

ဖျော်ဖြေရေးသဘင်သည်များသည်လဲ ပီးဆုံးသွားပီဖြစ်တာကြောင့် စကားသံများကလွဲ၍ ဆူညံ‌နေခြင်းမရှိပေ . .

ရုံလေးကိုယ်တိုင်သည်လဲ အဆောင်တော်သို့မပြန်နိုင်သေးပေ .. ဘာတွေဆက်ဖြစ်မည်ဆိုတာ ထိတ်လန့်စွာပင် စောင့်လို့နေရသည် .. သို့သော်လဲ ဒီကိစ္စတွင် သူဆိုတာကို သိနိုင်မည်မဟုတ် ..

ရုံလေး၏နှုတ်ခမ်းတွေကကျေနပ်စွာတချက်တွန့်ကာ ပြုံးလိုက်ရင်း လက်ဖက်ရည်ခွက်အားကိုင်ကာသောက်ဖို့ပြင်လိုက်ချိန် . .

အားလုံး၏နားထဲတွင် ကြားလိုက်ရသည်က မြေပြင်တွင် ဓားတလက်အား တရွတ်တိုက်ဆွဲလာခြင်းပေ .. ထိုအသံသည် ညလယ်အချိန်တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွဲလိုက်ပီး ကျောချမ်းဖွယ်ကောင်းလွန်းလှသည်..

ပွဲရှိလူများအားလုံးသည် အသံကြားရာအလန့်တကြားကြည့်လိုက်ကြတော့သည်..

" ဘုရားရေ ... "

" ဒါက .. ဘယ်လိုဖြစ် ... "

အာမေဍိတ်သံများပါးစပ်ဖျားဆီမှထွက်ကျလို့လာကြကာ အစေခံများအားလုံးသည် မြေပြင်တွင်ဝပ်ချအရိုသေပြုကြတော့သည်.. ဒန်လုတယောက်မှာတော့ သူစိုးရိမ်သလိုဖြစ်လာခဲ့၍ ထိတ်လန့်လို့သွားရသည်..

သူတို့၏ဧကရီဘုရင်မဟာ လူသတ်အရိပ်တို့ ခြံရံရင်း ပွဲရှိရာသို့တလှမ်းခြင်းလှမ်းလို့လာနေသည်.. လရောင်ဖျော့ဖျော့အောက်တွင် တလတ်တလတ်တောက်ပနေသော ဓားရောင်သည် မျက်စိပင်ကျိန်းရလောက်သည်.. တည်ငြိမ်သောခြေလှမ်းတွေကိုလှမ်းနေသော ဘုရင်မ၏မျက်နှာတော်သည် ပြိုကျတော့မည့်မိုးလို မဲမှောင်ကာ မျက်လုံးတို့မှာ ဒေါသတို့ကြောင့် ရဲလို့နေသည်.. ဝတ်ရုံနီနီတို့က လေမှာလွှင့်နေပီး ဂုဏ်အသရေကြီးမားစွာ ခန့်ညားလို့နေသည် .. သို့သော်လဲမြင်သူတိုင်းက ထိတ်လန့်ကြောက်ရွံ့ရအောင် အေးစက်လို့နေသည်..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Tempat cerita menjadi hidup. Temukan sekarang