သူ့ရှေ့မှမျက်နှာလှလှနှင့်အတူ ကျန်ရှိနေသေးသော နွေးထွေးသည့်အထိတွေ့တွေကြောင့် ဟန်မာရီဝဲဘက်နေရာမှ လှုပ်ခတ်လို့နေသည်.. တကြိမ်တခါမှ မခံစားဖူးသောဤလှုပ်ခတ်မှုကြောင့်မောသလိုပင်ဖြစ်လာရတော့သည် ..သိတတ်စအရွယ်မှစလို့ ကြောက်ရွံ့ခြင်း ဝမ်းနည်းခြင်း ကင်းမဲ့ခဲ့သူဖြစ်သည့်အတွတ် ဤရင်တွင်းနေရာမှမောပန်းသည့်ခံစားချက်ကို နားမလည်နိုင်ပေ ..
စိမ်းသက်သည့် နှလုံးသားလှုပ်ခတ်မှုနဲ့အတူ ခန္တာကိုယ်အတွင်းမှ လိုအင်ဆန္ဒတို့ကတဖြည်းဖြည်းတိုးလို့လာတာမို့ သူ့ရှေ့မှသွားညီညီသေးသေးလေးတွေပေါ်သည်အထိရယ်ပြနေသောမျက်နှာလေးအား အနီးကပ်ဆုံးဆွဲယူလိုက်တော့ရွန်းလဲ့တောက်ပနေသောမျက်စံကြည်ကြည်စိမ်းစိမ်းလေးတွေဖြင့် ကြည့်လာတော့သည် ..
အိညက်နေသည့်မျက်နှာဖူးဖူးလေးအား လက်နှစ်ဖက်ဖြင့်အုပ်မိုးကိုင်ကာ နီရဲအိထွေးနေသောနှုတ်ခမ်းပါးအား ဖိကပ်နမ်းလိုက်တော့သည် ..မျက်နှာနှစ်ခုကလွန်စွာနီးကပ်နေတာတောင် မျက်လုံးများအားမပိတ်ဖြစ်ပဲ သူ့အားမျက်တောင်မခတ်ကြည့်နေကာ သူ၏ပေါင်ပေါ်သို့ လက်နှစ်ဖက်အားတင်ကာ မှီနွဲ့လာသည် ..
အနေထားအားဖြင့် ဟန်မာရီကအနည်းငယ်မြင့်ကာထိုင်နေသည်ကတကြောင်း ကိုယ်ကိုမတ်ကာနေတတ်သောကြောင့်ပါ သူမလေးမှာ
လည်တိုင်တခုလုံးဆန့်သည်အထိ မော့လို့နေနေရသည်..ရှည်ကြာလှသောအနမ်းအပေါ်သူမလေးညောင်းလာပုံရလာသည်ထင် ခွာဖို့ပြင်တော့သည် ..နူးညံ့နွေးထွေးလှသောအထိတွေ့လေးအား တစက္ကန့်မျှပင်အလွှတ်မပေးနိုင်သောဟန်မာရီမှာ သူ့ရှေ့မှကိုယ်လုံးလေးအား ခါးသွယ်သွယ်လေးမှာကိုင်ကာ မျက်နှာချင်းဆိုင်အနေထားဖြင့် မတင်လိုက်တော့သည်.. အလိုက်သင့်အနေထားဖြင့်သူမလေးကလဲ သူ၏ခါးအားခွကာ ဂုတ်ပေါ်သို့လက်တွေကသိုင်းဖက်လာသည်..
ပုံမှန်အားဖြင့် ဟန်မာရီလိုမာနကြီးပီး သူ၏ဘုန်းတန်ခိုးအား များစွာထိန်းသိမ်းတတ်သောသူက အခုလိုဂုတ်ပိုးအားသိုင်းဖက်ခံမည်မဟုတ်သလို ခါးပေါ်သို့လဲ ခြေထောက်အတင်ခံမည်မဟုတ် .. သို့သော် ဒီအရာလေးကတော့ခြွင်းချက်ဖြစ်လာသည်.. တခြားသောနိုင်ငံများ၏ဘုရင်များကိုတောင် သူ၏ကိုယ်ပေါ်မတင်နိုင်ဘူးဆိုကာ ကမ်းလှမ်းလာသောလက်ဆတ်ခွင့်များကို ဒေါသတကြီးတုန့်ပြန်တတ်သည့် မောက်မာလှပါသော ဟန်တိုင်းပြည်၏ ဘုရင်မ .. များစွာလှသောအလှပဂေးကိုယ်လုပ်တော်များနှင့် အိပ်ဆောင်ဝင်ပါသော်လဲ သူ၏ဘုန်းကံအားနိမ့်ကျစေသည်ဟုထင်သည့် နေရာများအား အထိမခံသူ ...
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )