Part - 14 [Unicode]

8.6K 645 24
                                    

နန်းတော်ထဲသို့ပြန်ရောက်စဉ် အနည်းငယ်ပင်မှောင်စပျိုးနေပီဖြစ်သည်.. ဟန်မာရီတို့အားတွေ့သည်နှင့် ဒန်လုမှာအနားသို့အပြေးလာကာ သူ၏ဘုရင်မလက်ထဲမှအထုတ်တွေအား သယ်တော့သည်.. သို့သော် ဟန်မာရီမှာ‌ သူ၏ဘေးမှအိပ်ချင်မူးတူးဖြစ်နေသည့် ဖိန်းဖိန်း၏လက်ထဲမှပစ္စည်းများအား အကြည့်ဖြင့် အချက်ပြကာ သယ်စေလိုက်သည်.. ဒန်လုလဲသဘောပေါက်သွားပီး ဖိန်းဖိန်း၏လက်ထဲမှ ပစ္စည်းများအား အကုန်ယူသယ်လိုက်သည်..

" ဖိန်းဖိန်း .. ပေးပါ .. ဒန်လုသယ်ခဲ့ပါမယ် "

" အွန်း .. ဒန်လုကျေးဇူးပဲ .. ဖိန်းဖိန်းညောင်းနေတာ .. အိပ်လဲအိပ်ချင်နေပီ "

ပြောလဲပြောသမ်းလဲသမ်းကာ အဆောင်တော်ထဲသို့ အိပ်ချင်မူးတူးဖြင့်ဒယီးဒယိုင်ဝင်သွားတော့သည်.. အထုတ်တပွေ့တပိုက်ဖြင့် ဘုရင်မမှာလဲ တည်ငြိမ်သောမျက်နှာဖြင့် ဖိန်းဖိန်းနောက်မှလိုက်ဝင်သွားတော့သည်..

ဒန်လုမှာတော့သူ့ဘုရင်မ၏ပုံစံအား မယုံကြည်နိုင်စွာပါးစပ်အဟောင်းသားကျန်ခဲ့တော့သည်.. ခဏကြာမှသတိပြန်ဝင်ကာ အမြန်ပင်ပြေးလိုက်ရတော့သည်..

" ဘုရား .. ဘုရား .. ဘုရင်မလိုလူက အထုတ်တွေတပွေ့တပိုက်သယ်ကာ .. လမ်းတလျှောက်သွားလာခဲ့တယ်တဲ့လား .. "

အဆောင်တော်ထဲရောက်သည်နှင့် ထိုင်ခုံတွင်ထိုင်ချလိုက်ကာ အထုတ်များအားစားပွဲပေါ်သို့တင်လိုက်တော့သည်.. နောက်မှလိုက်ဝင်လာသောဒန်လုသည်လဲ ဘုရင်မတင်သည့်အတိုင်းစားပွဲပေါ်သို့ပစ္စည်းများအား တင်တော့ စားပွဲတခုလုံးနှင့်ပင်မဆန့်‌ သောကြောင့် တချို့
တလေအားဘေးသို့ချထားလိုက်ရသည်..ဘုရင်မ၏အခန်းတွင်ရှိသော ကြီးမားလှသည့်စားပွဲကြီးနှင့်တောင်မဆန့်အောင် ဘာတွေတောင်ဝယ်ခဲ့သည်မသိ အခုလိုများပြားလှသောပစ္စည်းများအား သယ်ကာလမ်းလျှောက်ပြန်လာနိုင်သော သူ၏ဘုရင်မအားအံ့ဩလွန်းလို့ ဒန်လုတယောက်နတ်ပြည်ပင်ကြွချင်သွားသည်..

တနေကုန်ကဆုန်ပေါက်ထားသော မျောက်လောင်းလေးကတော့ အိပ်ရာပေါ်တွင်တခူးခူးပင်မြည်အောင် အိပ်ပျော်လို့သွားချေပီ ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Tempat cerita menjadi hidup. Temukan sekarang