Part - 35 [Zawgyi]

205 10 0
                                    

" ခွမ်း ... "

နံရံသို့ပစ်ပေါက်သံနှင့်အတူ ရေနွေးပုဂံလုံးကွဲစများက ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲသွားတော့သည် ..

" အခုဘယ်လိုလုပ်မလဲ .. ကချေသည်မကပြန်သတိရလာပီ .. အခွင့်ရေးကိုလက်လွှတ်ဆုံးရှုံးသွားပီ ..ဒီလောက်အခွင့်သင့်နေတာကို အားစိုက်ပီးလုပ်ခဲ့သင့်တာ "

ရုံလေး၏မျက်နှာသည်ဒေါသကြောင့်နီရဲနေပီး ဂဏာမငြိမ်စွာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတော့သည် .. ဘေးနားရှိစားပွဲဝိုင်းတွင်တော့ ရှဲ့ထုံနှင့် ကျင်းစူးသွဲ့တို့က ထိုင်လို့နေသည် ... အစကငြိမ်သက်၍ထိုင်နေသော ကျင်းစူးသွဲ့သည် ရုံလေး၏အပစ်တင်စကားကြောင့် မျက်မှောင်များကြုံ့သွားပီး ရုံလေးအား စူးစူးစိုက်စိုက်ကြည့်လိုက်သည် ..

" အမရုံက စူးသွဲ့ကို အမရုံလိုဖြစ်စေချင်နေတာလား .. ဟန်မာရီရဲ့အကြောင်းလဲအမရုံသိနေတာပဲ .. တော်ယုံနဲ့သူ့ကိုလှည့်စားလို့ရလို့လား .. အမရုံကိုယ်တိုင်တောင် အခုလိုဘဝမျိုးရောက်သွားတာ စူးသွဲ့တို့ကို အပစ်ပြော‌
ချင်နေတာလား .. "

" မင်း ..... "

ကျင်းစူးသွဲ့၏အခုလိုဘဝမျိုးဆိုသည့် စကားကြောင့် ရုံလေးတယောက်အကြီးကျယ်ပေါက်ကွဲသွားကာ ဒေါသကြောင့်အသားတွေတုန်လို့နေတော့သည် ... ကျင်စူးသွဲ့နှင့်ရုံလေး၏ရှေ့ဆက်ဖြစ်လာနိုင်သည့် ရန်ပွဲကိုမြင်တာကြောင့် ဘေးတွင်ငြိမ်၍ ထိုင်နေသော ရှဲ့ထုံမှာ ထ၍ရပ်လိုက်တော့သည် ...

" အချင်းချင်းအထင်လွဲစေမယ့်စကားမျိုးတွေ မပြောတာကောင်းပါလိမ့်မယ် အမိတို့ရယ် .. နှမစူးသွဲ့ပြောတာလဲဟုတ်ပါတယ် .. ဟန်မာရီက ထက်မြတ်လွန်းတော့ ဘယ်လွယ်ကူပါ့မလဲ .. မိန်းကလေးရုံကလဲ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ လွဲချော်သွားမှာစိုးလို့ အခုလိုပြောမိတာမို့လို့ .. နှမစူးသွဲ့ကနားလည်ပေးပါ .. "

မိန်းမနှစ်ယောက်၏ရန်ပွဲကြား ဝင်နေရသည့်ရှဲ့ထုံသည်လဲ စိတ်ထဲတွင်အကြီးကျယ်ပေါက်ကွဲချင်နေသည် .. သို့သော်လဲ ဒီနေရာတွင်သူက စိတ်ကိုချုပ်တည်းထားမှ အဆင်ပြေနိုင်မှာမို့ တဖက်ကိုချော့မော့၍ ရုံလေးကို တားလိုက်ရသည် .. အခုချိန်မှာ ကျင်းစူးသွဲ့ကိုလဲ လိုအပ်နေတာကြောင့် ပစ်ပစ်ခါခါလုပ်လိုက်လို့မရပေ ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now