အမတ်ကြီးများနှင့်ညီလာခံအတွင်းရှိ တိုင်းပြည်၏အရေးပါသူများအားလုံးမှာ အရှင်၏နံမည်အားခေါ်၍ပြေးဝင်လာသောထိုမိန်းကလေးအား အံ့ဩစွာပြူးကြောင်၍ကြည့်နေကြသည် ..
"မာရီ ... ဒန်လုကလေ ထူလွန်းတဲ့အဝတ်တွေဝတ်ပေးတယ် ဖိန်းဖိန်းပူတယ် "
" ဖိန်းဖိန်း! ... ဖိန်းဖိန်း! ... စိုးရွံ့မိပါတယ်အရှင် သူရေသောက်ချင်တယ်ဆိုလို့ ရေယူပေးနေတုန်း ပြေးထွက်သွားတာပါ "
နောက်မှပြေးလိုက်လာသောဒန်လုမှာ မောဟိုက်နေကာ မျက်နှာပျက်ရှာသည် ပါးစပ်မှလဲတောင်းပန်ရင်း ဟန်မာရီအားတိုင်နေသူ သူမလေးအားဆွဲခေါ်နေတော့သည် ..ကိုယ်တိုင်လဲအံ့ဩနေမိရာမှ ဒန်လုဆွဲခေါ်နေသည်ကိုရုန်းကန်နေရင်း အဝတ်တွေပါဆွဲချွတ်နေသောသူမကြောင့်ပလ္လင်ပေါ်မှအပြေးတပိုင်းဆင်းကာ အပေါ်ဝတ်ရုံရှည်ကြီးအားချွတ်၍သူမအားပတ်ပေးလိုက်ရသည် ..
" မာရီ ... ဖိန်းဖိန်းဝတ်ချင်ဘူး ပူတယ် "
" အရှင် ..ကျွန်တော်မျိုးမ ခေါ်သွားလိုက်ပါ့မယ် "
" ဟင့်အင်း .. မသွားဘူး .. ဖိန်းဖိန်းမသွားချင်ဘူး .. မာရီ နဲ့နေမယ် "
ဆွဲသူကဆွဲ ရုန်းသူကရုန်းနဲ့ ညီလာခံကြီးထဲတွက်ရုန်းရင်းဆန်ခတ်ဖြစ်လို့နေသည်.. ခုနကအံ့ဩစွာကြည့်နေကြသော အမတ်ကြီးများမှာ အခုတော့ဖိန်းဖိန်းရဲ့ရုန်းရင်းဆန်ခတ်ကြောင့်အဝတ်များပြေကျကာ ထွက်ပေါ်နေသော အသားဆိုင်တို့၏လှပမှုများအားမျက်လုံးမခွာနိုင်ဖြစ်နေကြတော့သည် .. ထူးခြားသောအလှတရားနှင့် မိန်းမပျိုလေးကြောင့် အကုန်လုံးမှာ ဘုရင်မ၏ဒေါသမျက်နှာအား သတိမပြုမိကြ .
ဟန်မာရီ အရောင်တောက်နေသောထိုအကြည့်များကြောင့် စိတ်တိုသွားကာ ရုန်းကန်နေသည့်သူမအား ဝတ်ရုံဖြင့်ပတ်ကာပွေ့ချီလိုက်သည်.. အခိုးဝေနေသောအကြည့်များဘက်သို့ စူးကနဲ့တချက်ကြည့်လိုက်ကာ ..
" ဒီနေ့အတွတ် ညီလာခံသိမ်းပီ "
အေးစက်သောအကြည့်ဖြင့်ကြည့်ကာ မိန်းကလေးအားပွေ့ချီ၍ထွက်သွားသော သူတို့၏အရှင်သခင်မကြောင့် အမတ်များမှာ မယုံနိုင်ခြင်း သိချင်စိတ်များဖြင့်ကျန်ခဲ့တော့သည် ..
![](https://img.wattpad.com/cover/211557276-288-k90226.jpg)
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )