Extra - 2 [Zawgyi]

565 17 0
                                    

ဧည့်ဆောင်ထဲသို့လှမ်းဝင်လိုက်သည်နှင့် ရေနွေးကြမ်းအေးဆေးစွာသောက်နေသော ဘုရင်ချင်းလီအားတွေ့လိုက်ရသည် .. အဖြစ်ပျက်များဖြစ်ပီးနောက်ပိုင်း ချင်းဘုရင်
၏ကျေးဇူးကြောင့် ဟန်တိုင်းပြည်ကြီးဘေးကင်းရသလို ဟန်မာရီလဲစိတ်အေးကာ ဖိန်းဖိန်းနောက်လိုက်သွားနိုင်ခြင်းဖြစ်သည် .. ထို့ကြောင့် နောက်ပိုင်းအချိန်ခါများတွင် ချင်းနိုင်ငံနှင့် ဟန်တိုင်းပြည်က ပို၍မဟာမိတ်သင့်သွားရပီး ချင်းဘုရင်အပေါ်တွင်လဲ အရင်ကလို ဆိုးဆိုးဝါးဝါးဆက်ဆံခြင်းမပြုတော့ပေ .. ပြုစရာမလိုအောင်လဲ သူနှင့်ဖိန်းဖိန်းက လက်ထပ်ပီး၍ သူပင်အိမ်ထောင်သည်တဦးဖြစ်နေခဲ့ပီလေ .. ဟိုအရင်ကိုယ်လုပ်တော်များရှိခဲ့သော် တရားဝင်မိဘုရားမမြှောက်ခဲ့သလို အချစ်ဆိုတာလဲမရှိခဲ့ပေ .. အခုတော့ဘုရင်မဟန်မာရီ၏ မိဖုရားဖိန်းဖိန်းအပေါ်ထားသည့်ချစ်ခြင်းမေတ္တာသည် ဘေးလူတွေပင်မြင်ရအောင်ကြီးမားတာမို့ပင် .. အခုဆို လေးဆယ်သောကိုယ်လုပ်တော်များကိုလဲ ပြည့်စုံသောပစ္စည်းဥစ္စာအခြွရေံများပေးကာ လွတ်လပ်စွာပြန်ခွင့်ပြုလိုက်တာမို့ သူ့တွင်ဖိန်းဖိန်းဆိုသည့် မိဖုရားတပါးသာရှိတော့သည် ..

" အရှင်ချင်းလီ ... "

" အာ .. ဘုရင်မမာရီ .. နေကောင်းပါရဲ့လား "

" ဟုတ်ကဲ့ ကောင်းပါတယ် .. အရှင်ရော ကျန်းမာတယ်မဟုတ်လား .. "

" အဟက် .. ဒါပေါ့ ကျွန်တော်မျိုးကတော့ အမြဲကျန်းမာနေတာပါပဲ .. မဟုတ်လဲ ကျွန်တော်မျိုးက ဘုရင်မလိုဆေးပေးမီးယူလေးမရှိတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်နေရတယ် "

ချင်းလီ၏စကားကြောင့် ဟန်မာရီအသာပြုံး၍သာ တုံ့ပြန်လိုက်သည် ..

" ဟိုတခေါက်ကိစ္စရော အဆင်ပြေရဲ့လား .. "

ဟန်မာရီ၏အမေးအား သောက်လက်စရေနွေးခွက်ကိုအသာချကာ..

" အင်း .. အဲ့ဒါကမင်းထင်တဲ့အတိုင်းပဲ သူတို့ဘက်က လူလွှတ်ပီးလှည့်ကွက်ကိုဖန်တီးနေတာ သူတို့က စီးပွားရေးပါမက နိုင်ငံရေးနဲ့ပါ ဆက်စပ်နေတာ .. "

" ဒါဆို .. အရှင်ဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ .. "

" အခုလောလောဆယ် ခဏလောက်လွှတ်ထားပီးစောင့်ကြည့်နေအုံးမယ် အဓိကလိုချင်တာက သူတို့အထက်ကလူကြီးဆိုတော့ အချိန်ကောင်းရောက်မှ ဆွဲဖမ်းရမယ် မဟုတ်ရင် သက်သေအထောက်ထားမရှိပဲ ဟိုးအထက်ကလူအထိဖမ်းလို့မရနိုင်ဘူး သူတို့ကလဲ လွယ်လွယ်နဲ့ဖွင့်ဟမှာမဟုတ်ဘူးလေ .. အဲ့အတွတ်‌မင်းမစိုးရိမ်ပါနဲ့ ငါကြည့်လုပ်လိုက်မှာမို့လို့ .. "

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now