ရွာလူကြီးမြောင်နှင့် ကျဲအားလင်သည် အံ့အားသင့်ကာငေးနေပီးနောက် သတိဝင်လာပီး အမြန်ပင်ဒူးထောက်လိုက်ကြတော့သည် ..
" ကျွန်တော်မျိုးတို့ရဲ့ ရိုင်းပြမှုကိုခွင့်လွှတ်ပေးတော်မူပါဘုရင်မ .. "
" ထပါ လူကြီးမင်းမြောင် .. ကျွန်မက ဒီကိုအကူညီတောင်းခံသူအနေနဲ့လာခဲ့တာပါ .. အခုလိုကူညီပေးတာကိုပဲ ကျေးဇူးတင်ပါတယ် ... မိန်းကလေးအားလင် .. ထပါ "
ရွာလူကြီးမြောင်တို့နှစ်ယောက်သည် ဒူးထောက်နေရာမှထကာ ခေါင်းညွတ်အရိုသေပေးပီး အနောက်နည်းနည်းဆုတ်၍ ရပ်လိုက်ကြသည် ..
" ဘုရင်မရဲ့ရုပ်ရည်သွင်ပြင်က ထူးခြားပီးအဆင့်တန်းမြင့်တာကိုသိပေမယ့် နတ်သူငယ်တချို့ကိုတွေ့ဖူးကြတဲ့ ဒီရွာကလူကြီး တော်တော်များများအတွတ် အရမ်းကြီးမထူးဆန်းတာကြောင့် ဂုဏ်အသရေကို မခန့်မှန်းမိဘူး ဖြစ်သွားတာပါ .. အမျက်တော်မရှဖို့ မျှော်လင့်မိပါတယ် "
ရွာလူကြီးမြောင်ရဲ့ အပြောအား ခေါင်းညိတ်ပြလိုက်ပီး အခုထိမယုံကြည်နိုင်သေးသော မျက်နှာအမူအရာဖြင့် ကျဲအားလင်အား ပြုံးပြလိုက်ရင်း ... "
" မိန်းကလေးအားလီ ..ကူညီပေးမယ့်အတွတ် ကျေးဇူးတင်ပါတယ် .. ငါ့ကိုပေါ့ပေါ့ပါးပါးပဲဆက်ဆံပါ .. မင်းစိတ်ထဲအရမ်းကြီး တွေးစရာမလိုပါဘူး .. ဟိုရောက်ရင်လဲ မင်းတို့ညီအမနှစ်ယောက်အတွတ် အစစအရာရာကို တာဝန်ယူပါတယ် .. "
" ကျေးဇူးကြီးလှပါတယ် .. ဘုရင်မ "
" ဟန်တိုင်းပြည်ရဲ့ ဘုရင်မအကြောင်းကို အများကြီးကြားဖူးပါတယ် .. အခုလိုမြင်တွေ့ရတဲ့အတွတ် ဝမ်းသာပျော်ရွှင်မိပါတယ် .. "
" ကျေးဇူးတင်ပါတယ်လူကြီးမင်းမြောင် ..
ဒါနဲ့ ခရီးအတွတ် မြင်းတကောင်လောက်ရနိုင်မလား .. "" ရပါတယ် .. ရပါတယ် .. ကျွန်တော်မျိုးစီစဉ်ပေးပါ့မယ် "
" ကျေးဇူးတင်ပါတယ် .. အားလင် .. ငါတို့ဒီညသွားမယ်ဆိုရင် မင်းဘက်ကအဆင်ပြေလား "
" ဟုတ်ကဲ့ .. အားလင် အခုပဲအိမ်ပြန်ပီးပြင်ဆင်လိုက်ပါ့မယ် .. "
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )