ကမ်းပေးလာသော ရေခွက်နှင့်အဝတ်အား ယူကာ ဖိန်းဖိန်း၏ လက်တွေအားဖွဖွသုတ်ပေးရင်း အပူချိန်အားမသိမသာစမ်းလိုက်သည် .. အပူချိန်လျော့သွားတာကြောင့် ရွယ်ဟန်စိတ်အေးသွားရသည် ...
" ကိုယ်လုပ်တော်ရွယ် .. နေလို့များကောင်းရဲ့လား .. မျက်နှာတွေဖြူဖျော့နေတယ် .. အဆင်ရောပြေရဲ့လား "
ရွယ်ဟန်၏သွေးရောင်ကင်းနေသည့်မျက်နှာကြောင့် ဒန်လုတယောက်အလန့်တကြား မေးလာတာမို့ စိတ်မပူစေရန် ပြုံးပြလိုက်ပီး ..
" ရွယ်ဟန်အဆင်ပြေပါတယ် ဒန်လု .. ညကအရှင်ခရီးသွားမယ့်အကြောင်း စဉ်းစားနေတာနဲ့ အိပ်ရေးပျက်သွားလို့ပါ နည်းနည်းအနားယူလိုက်ရင် သက်သာသွားမှာပါ .. "
" တော်သေးတာပေါ့ .. ဒါဆိုလဲ ကိုယ်လုပ်တော်ရွယ် နားလိုက်ပါ .. ကျွန်တော်မျိုးမ ဖိန်းဖိန်းကို ပြုစုထားပါ့မယ် "
" ကျေးဇူးတင်ပါတယ် .. ဒန်လု .. "
ရင်ဘက်မှအောင့်တက်လာသည့် ဝေဒနာကို ထိန်းကာ ထိုင်ခုံမှထလိုက်ရင်း အိပ်ယာပေါ်မှ ဖိန်းဖိန်းအား တချက်ကြည့်လိုက်ကာ ထွက်လာခဲ့လိုက်သည် .. သွေးစွန်းနေသောပဝါစလေးအား လက်ထဲတွင်ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း အဆောင်တော်သို့ ရောက်အောင် အားတင်း၍ပြန်ရမည် ...
.
.
.
." နေကောင်းပါတယ်နော် .. ကိုယ်လုပ်တော်သွဲ့ .."
" ကျွန်တော်မျိုးမ .. ကျင်းစူးသွဲ့နေလို့ကောင်းပါတယ်ကိုယ်လုပ်တော်ရုံ .. စိတ်မရှိပါနဲ့ အခုက အမရုံပဲပေါ့လေ .. အမရုံဘက်က စူးသွဲ့ကို ဆက်သွယ်လာတော့ .. အံ့ဩမိပါရဲ့ "
ကျင်းစူသွဲ့၏စကားကြောင့် ရုံလေးသည်မျက်နှာ ပျက်ယွင်းကာ မာထန်သွားသော်လဲ ချက်ချင်းပင်ပြန်ပြင်လိုက်ကာ အပြုံးတပွင့်ကိုဖန်ဆင်းလိုက်လေသည် . .
" ဒါပေါ့လေ .. ဟန်တိုင်းပြည်ရဲ့ မောင်းမဆောင်ထဲမှာ ရုံလေးတို့နှစ်ဦးက အသင့်မြတ်ဆုံး ညီအမတွေပဲမဟုတ်လား .. ပီးတော့အခုချိန်မှာ .. ရုံလေးကဟန်တိုင်းပြည်ရဲ့ကိုယ်လုပ်တော်တပါး မဟုတ်တော့ပေမယ့် မိတ်ဆွေကောင်းတယောက်ကို ရရှိထားပါတယ် .. အဲ့ဒီမိတ်ဆွေရဲ့အကူအညီနဲ့ပဲ ရုံလေးရော ကိုယ်လုပ်တော်သွဲ့ပါ အကျိုးမြတ်တွေရမှာ ဖြစ်တာကြောင့် ကိုယ်လုပ်တော်သွဲ့ကို ပူးပေါင်းဖို့ ကမ်းလှမ်းချင်ပါတယ် ... "
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )