Part - 36 [Zawgyi]

169 6 0
                                    

ညီလာခံအတွင်း တိုင်ကြားခြင်းများ၊ငြင်းခုံမှုများဖြင့်ဆူညံလို့နေသည်.. ပလ္လင်ထက်တွင် ထိုင်နေသောဘုရင်မ၏မျက်နှာတော်သည်လဲ စိတ်အလိုမကျမှုကြောင့် မျက်မှောင်ကြုံ့၍ အငြင်းပွားနေကြသော အမတ်များအားကြည့်နေ‌သည် ..

" အမတ်မင်းယု .. ဒါကဘယ်လိုတောင်ယုတ္တိမရှိတာပါလဲ .. ဒီလိုတောင်းဆိုမှုမျိုးက တကိုယ်ကောင်းမဆန်လွန်းဘူးလား .. "

" ဒါကကျွန်တော်မျိုးတို့ပြည်နယ်အတွတ် လိုအပ်လို့တောင်းဆိုခြင်းဖြစ်ပါတယ် အမတ်မင်းချီ .. ဒါကိုတကိုယ်ကောင်းဆန်တယ်လို့ ဘယ်လိုကြောင့်ပြောရတာပါလဲ .. "

" အမတ်မင်းယု .. ဒီလိုသာပြောကြေးဆိုရင် ပြည်နယ်နဲ့မြို့ရွာတိုင်းက လိုအပ်နေကြတာပါပဲ .. ဒါကို အမတ်မင်းရဲ့ ချုံးပြည်နယ်ကိုပဲ ထောက်ပံ့ပေးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား .. "

" ဒါက ကျွန်တော်မျိုးရဲ့ ကိုယ့်ပြည်နယ်အတွတ်ကိုယ့်ရဲ့ကြိုးပမ်းမှုပါ .. အမတ်မင်းတို့ အခုလို ဆူပူကန့်ကွက်ဖို့မလိုပါဘူး .. "

" ဘယ်လိုတောင် .. "

" အိုဟို ... "

တယောက်တပြန်မှ တဖွဲ့တပြန်တြွေဖစ်လာကြကာ ညီလာခံအတွင်း ပို၍ဆူညံလို့လာတော့သည် ..

" ဒုန်း !!!!! .. "

ခုံပေါ်သို့ထုချလိုက်သော လက်သီးသံပြင်းပြင်းကြောင့် ဆူပူနေကြသောအမတ်များအားလုံး ငြိမ်ကျသွားကာ အသံလာရာသို့ အလန့်တကြားကြည့်လိုက်ကြတော့သည် .. ဘုရင်မ၏မျက်နှာသည် ဒေါသကြောင့်ခက်ထန်နေကာ မျက်လုံးတို့ကနီရဲနေသည် ..

" အခုငါ့ကို ရှေ့ထားပီး ဆူပူနေကြတာလား !!.. အမတ်မင်းတို့ ဘယ်လိုရဲတင်းတဲ့အပြုမူကိုလုပ်နေကြတာလဲ .. "

" ဘုရင် .. ဘုရင်မ .. "

" ကျွန်တော်မျိုးတို့ အမှားပြုမိပါတယ် .. ခွင့်လွှတ်ပေးတော်မူပါ .. "

" ကျွန်တော်မျိုးတို့ရဲ့ မိုက်မဲတဲ့အပြုအမူကို ခွင့်လွှတ်ပေးတော်မူပါ .. ဘုရင်မ "

အခုမြှပာပြာသလဲတောင်းပန် အသနားခံနေသော အမတ်များအား စိတ်ကုန်သည့်အကြည့်ဖြင့်ကြည့်ကာ နေရာမှထရပ်လိုက်သည် .. ဘုရင်မ နေရာမှထလိုက်သည်နှင့် ညီလာခံရှိလူများအားလုံး ကြမ်းပြင်တွင် ဝပ်ချလိုက်ကြသည် ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Hikayelerin yaşadığı yer. Şimdi keşfedin