Part - 21 [Zawgyi]

277 14 0
                                    

နေရာရှိလူများသည်အသံလာရာသို့ ကြည့်လိုက်သည်နင့် ‌တွေ့လိုက်ရသည့်သူကြောင့် အားလုံးမှာ ထိတ်လန့်သွားကြကာ အမြန်ပင်ဦးညွှတ်အရိုသေးပေးကြတော့သည် ..

" အ .. အရှင် "

ဖိန်းဖိန်းအားအော်ငေါက်နေသော အပျိုတော်သည် ဘုရင်မအားမြင်လိုက်ရသည်နှင့် ကြောက်ရွံ့ထိတ်လန့်စွာ ခေါင်းကိုငုံ့ထားတော့သည်..

" အရှင့်ကို ရုံလေးဂါဝရပြုပါတယ် "

ဟန်ဆောင်ကောင်းလှသောရုံလေးသည် ခုနကဖြစ်ပျက်နေသောသူမဟုတ်သည့်အတိုင်း အချိုမြိန်ဆုံးပြုံးကာ ဘုရင်မအားနှုတ်ဆက်နေတော့သည်..

ဟန်မာရီသည်မျက်နှာချိုသွေးနေသောရုံလေးအား တချက်မျှပင်လှည့်၍မကြည့်ပဲ ခုနကဖိန်းဖိန်းအား မာန်မဲနေသည့်အပျိုတော်ကိုသာမီးပွင့်မတက်စိုက်၍ကြည့်နေလေသည်.. ဘုရင်မ၏ကြောက်စရာကောင်းလှသောအကြည့်ကြောင့် အနားရှိအပျိုတော်များအားလုံးမှာ မလှုပ်ရဲကြပေ .. ပြုလုပ်သူအပျိုတော်မှာတော့ကြောက်လွန်းလို့တကိုယ်လုံးပင်တုန်ရီလို့နေသည်..

" သူ့မှာပါးစပ်ပါလား မပါဘူးလားဆိုတာမင်းသိချင်တယ်ပေါ့ .."

" အ ..အရှင် ... ကျွန်တော်မျိုးမမှားသွားပါတယ် .. ခွင့် ..ခွင့်လွှတ်ပေးတော်မူပါ "

ကြောက်ရွံ့မှုတို့ကြောင့် စကားများပင်မှန်အောင်မထွက်နိုင်တော့သည့်အပျိုတော်အား ကြည့်ကာ ဒန်လုစိတ်မကောင်းဖြစ်ယုံမှတပါးမတတ်နိုင်ပေ .. ဘုရင်မ၏ရင်နှင့်သည်းချာကိုမှ သွားထိရဲသည့် အပျိုတော်၏ရဲတင်းမှုကိုပင် စိတ်ပျက်မိသည်..

ဟန်မာရီသူ့ရှေ့မှ တုန်ရီလို့နေသောအပျိုတော်အား တစစီဆွဲဖြဲချင်စိတ်ကို မနည်းပင်ထိန်းထရသည်.. ဒင်းကများရာရာစစ ငါ့နှလုံးသားကိုများ မောက်မာရဲတယ် .. အသေသတ်ပစ်ရင်တောင် မကျေနိုင်တဲ့အပြစ်ကိုကျုးလွန်ရဲတဲ့ ငမိုက်သား ..

ညီလာခံတွင်းတင်ပြသည့် သူပုန်အမှုကြောင့် အချုပ်ခန်းအားကိုယ်တိုင်အသွား .. ကိုယ်လုပ်တော်အဆောင်နားအရောက်တွင် သူ၏ဖိန်းဖိန်းအား ဘာမဟုတ်တဲ့အပျိုတော်
တ‌ယောက်က အော်ဟစ်မာန်မဲနေသည်ကိုတွေ့လိုက်ရသည်.. ထို့အပျိုတော်အား မျက်လုံးအပြူးသားဖြင့်ကြည့်နေရှာသည့် သူ့ကလေးငယ်အား မြင်ရသည်မှာ ဟန်မာရီရင်ထဲကတဆစ်ဆစ်နာလှသည်..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]حيث تعيش القصص. اكتشف الآن