Part - 8 [Zawgyi]

474 14 0
                                    

သူ၏တည်ရှိနေမှုကိုပင်မေ့သွား‌စေသော ထိုအစိမ်းရောင်ဆံနွယ်ရှည်များနဲ့မိန်းကလေးအား မုန်းတီးစွာပင်ကြည့်နေမိသည် ..

" အရှင် ... "

စိတ်ထဲမှ‌ပူလောင်နေမှုအားထိန်းကာ သူ့အားသတိရသွားစေဖို့ တိုးငြင်းစွာခေါ်လိုက်တော့ ခံစားမှုကင်းမဲ့စွာလှည့်ကြည့်လို့လာသည် ..

" ရုံလေး မယ်မင်းရှိနေသေးတာလား ငါ့ကိုပြောစရာရှိသေးလို့လား "

လက်ထဲမှကမ်းလင့်နေသော ပုဝါလေးကအနည်းငယ်တုန်ရီလို့နေသည်.. ‌ရှိနေသေးတာလားတဲ့လား ...

" အရှင့်အတွတ်ရုံလေးကိုယ်တိုင်လုပ်ထားတဲ့ သိုးမွှေးပုဝါလေး အရှင့်လက်ထဲမရောက်သေးလို့ပါ "

ထို့အခါမှ နှုတ်ခမ်းအနားမှ အနည်းငယ်တွန့်သွားယုံသာရှိသော အပြုံးဟုမမည်သည့် အပြုံးဖြင့် အသိမှတ်ပြုကာ ဘေးနားရှိအထိန်းတော်ဒန်လုအား တချက်ကြည့်လိုက်တော့ သူမ၏ လက်ထဲမှခြုံပုဝါအား ဒန်လုကလာ၍ယူသွားတော့သည် ..

ပါးနပ်လှသောရုံလေးက ဖိန်းဖိန်းအားမသိယောင်ဆောင်ကာ ဘုရင်မအားနှုတ်ဆက်အရိုသေပေးကာ ထွက်သွားလေသည်.. သို့သော်လဲ အစမှအဆုံးထိ ရုံလေး၏ဖိန်းဖိန်းအပေါ်ကြည့်သည့်အကြည့်အား သိသော ဟန်မာရီက အဓိပ္ပါယ်ပါသောအကြည့်ဖြင့် ဒန်လုအားကြည့်ကာ ဖိန်းဖိန်းအားစောင့်ရှောက်စေဖို့မမေ့ပေ ..

သူမ၏ရိုးသားပီး အပြစ်ကင်းလှသောဖိန်းဖိန်းက အခုလိုရှုပ်ထွေးပွေလီနေသော နန်းတွင်း၏ အတိုက်အခိုက်များကို နားလည်မည်မဟုတ်ပေ ..
ကိုယ်တိုင်ဖြေရှင်းမြှဖစ်မည့်အရေးကြောင့်သွားရသည့်အတွတ် ဒန်လုအားသေချာမှာခဲ့ကာ ထွက်လာခဲ့တော့သည်..

ထွက်ခွာသွားသည့်အရှင့်နောက်ကျောအားကြည့်ကာ မျက်နှာမကောင်းသောဖိန်းဖိန်းအား ဒန်လုမှာ ချော့မော့၍ခေါ်ရတော့သည်.. ဖိန်းဖိန်းကိုကြည့်သွားသော ရုံလေး၏အကြည့်အား ဒန်လုကိုယ်တိုင်လဲမြင်သလို အရှင်၏ မှာကြားမှုကြောင့် ပို၍ပင်ဂရုစိုက်ရမည်ဖြစ်သည် ..

အရှင်၏ကိုယ်လုပ်တော်ဆောင်ရှိ ကိုယ်လုပ်တော်များသည်အပြိုင်ဆိုင်များလွန်းလှသည်.. ထို့အထဲတွင်ကိုယ်လုပ်တော်ရုံလေးမှာ သတိအထားရဆုံးသူပင်ဖြစ်သည်.. သူမသည် လိမ္မာပါးနပ်ကာ ထက်မြတ်လှသည်.. ဒါကြောင့်လဲ ကိုယ်လုပ်တော်များထဲတွင် ရုံလေးအား ကျော်နိုင်သည့်သူမရှိပေ ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Tempat cerita menjadi hidup. Temukan sekarang