" သူ ဘယ်မှာလဲ "
အေးစက်သည့်အသံပိုင်ရှင်၏မျက်လုံးများဟာ ဒေါသကြောင့်ရဲလို့နေပီး သူ့ရှေ့မှရှိနေသူအား တစစီဆွဲဖြဲချင်နေသည့်ပုံ ....
" စူးသွဲ့ .. စူးသွဲ့ မသိ .. မသိပါဘူး .... အားးးး "
တုန်ရီစွာငြင်းဆိုနေသည့် ကျင်းစူးသွဲ့၏ စကားပင်မဆုံးသေး မီးခဲရဲရဲပေါ်မှ အပြစ်ပေးသည့် တံဆိပ်က ကျောပေါ်သို့ကျရောက်သွားတော့သည် ...
" အ ..အရှင် ..စူးသွဲ့ တကယ်မသိတာပါ ..အ့ "
ဟန်မာရီ သူ့ရှေ့မှသွေးများဖြင့်ကျင်းစူးသွဲ့အား နောက်စေ့ဆံပင်မှဆွဲကာ လှန်လိုက်ပီး မေးရိုးကိုအားဖြင့်ဖျစ်ထားလိုက်သည် ..
" ငါ့ အချိန်တွေကိုကုန်အောင်လုပ်နေတာလား ကျင်းစူးသွဲ့ .. ကောင်းပီလေ မင်းကသေရမှာမကြောက်ဘူးဆိုတော့လဲ ... မင်းရဲ့ မိသားစုကိုပါခေါ်သွားလိုက် ... "
ဟန်မာရီ၏စကားကိုကြားသည်နှင့် ကျင်းစူးသွဲ့သည် အတင်းပင်ရုန်းကန်တော့သည် ..
" အ့ .. မလုပ် .. မလုပ်ပါနဲ့ .. အ့ "
ရှေ့မှဘုရင်မ၏ဒေါသနှင့် ကျင်းစူသွဲ့၏ သွေးမရှိတော့သောမျက်နှာကြောင့် ရွယ်ဟန်ကြည့်မနေနိုင်တော့ ...
" အရှင် .. စိတ်ထိန်းတော်မူပါ "
ဘုရင်မ၏လက်တွေအား ဆွဲကာတားလိုက်ရတော့သည် ..
" ရင်းသွန်ဒေသကို မီးလောင်တိုက်သွင်းပစ်လိုက် တယောက်မှအသက်မရှင်စေနဲ့ "
" အရှင် .. အရှင် .. စူးသွဲ့မဟုတ်ပါဘူး .. စူးသွဲ့ .. စူးသွဲ့က သူတို့ခိုင်းတာလုပ်ခဲ့ယုံပါ ..အမရုံလေးနဲ့ လူကြီးမင်းရှဲ့ထုံက လုပ်ခဲ့တာပါ "
" ဘယ်မှာလဲ ... အဲ့အဖြေတခုက မင်းနဲ့မင်းရဲ့ချစ်တဲ့သူတွေအားလုံးကို အသက်ရှင်နိုင်လိမ့်မယ် ."
" စူးသွဲ့ သေချာတော့မသိပါဘူး .. သူ သူတို့ ပြောတာက .. ရေအောက် မဟူရာရပ်ဝန်းလို့ ပြောတာ ကြားပါတယ် .. "
ကျင်းစူသွဲ့၏စကားကြောင့် နောက်နားတွင်ရပ်၍နေသော ရွယ်ဟန်အား ဟန်မာရီလှည့်၍ကြည့်လိုက်သည် .. ရေအောက်မဟူရာရပ်ဝန်းဟုကြားလိုက်သည်နှင့် ရွယ်ဟန်၏မျက်နှာသည် ပျက်ယွင်း၍သွားသည်ကို တွေ့လိုက်ရသည် ...
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )