Part - 4 [Unicode]

9.7K 804 23
                                    

အိပ်ငိုက်နေရာမှလန့်နိုးလာသော ဒန်လုမှာ အနီးနားတဝိုက်ကြည့်လိုက်ချိန် ဘုရင်မအား မတွေ့တာမို့လန့်ဖြန့်သွားရကာ ဘေးဘီဝဲယာသို့ အပြေးလိုက်ရှာနေမိသည်.. စိတ်ထဲမှလဲ ဘုရင်မဘေးကင်းစေရန် ရှိရှိသမျှသောနတ်ဘုရားများအား တိုင်တည်ဆုတောင်းရင်း ..

" မင်းနံမည်ကဖိန်းဖိန်းပေါ့ "

ခေါင်းလေးညိတ်ပြလာသော သူမလေးရဲ့မျက်လုံး‌လေးတွေဟာလရောင်အောက်တွင်တောက်ပရွန်းစိုကာ တမျိုးဆွဲဆောင်မှုရှိနေသည် ..

" ကောင်းပီလေ ငါမင်းကိုဖိန်းဖိန်းလို့ပဲခေါ်မယ်.. ဆိုတော့  မင်းပြောတာက မင်းကပင်လယ်ထဲမှာနေတာပေါ့ မင်းမိဘတွေကလဲ ပင်လယ်ထဲမှာ‌ပဲပေါ့ ဟုတ်လား "

ဟန်မာရီ၏အပြောအား မျက်လုံးလေးတွေဝိုင်းကာကြည့်ရင်း ခေါင်းတဆတ်ဆတ်ညိတ်ပြနေပုံက အရွယ်ရောက်ပီးသည့်မိန်းကလေးတယောက်နှင့်မတူစွာ ကလေးလေးသဖွယ် .. နန်းတော်ထဲမှမိန်းမပျိုများနှင့်ခြားနားစွာ ဟန်ဆောင်မှုကင်းသည့် ဒီပုံစံလေးက ဟန်မာရီ့အတွတ် ထူးခြားကာ ရင်ကိုခုန်လှုပ်စေတာအမှန်ပင် ..

" မင်းငါနဲ့လိုက်ခဲ့မလား "

" ဟင် "

ဒီတခါတော့ သူမလေးဆီကအသံထွက်ပီး အံ့ဩမှုကိုပြလေသည်.. ပီးနောက်တခုခုအားတွေးတောသလိုလုပ်နေကာ သူမနှုတ်ခမ်းတွေပွင့်ဟလာတော့သည်.. တကယ်ကို ဒီအကောင်ပေါက်လေးရဲ့အပြုမူတိုင်းက သူ့ကိုအလိုလိုက်ချင်လောက်အောင် စွမ်းဆောင်နိုင်လှသည် ..

" ရှင်နဲ့ လိုက်မယ်ဆို ဖိန်းဖိန်းကဘာလုပ်ရမှာလဲ ရှင့်အိမ်ကဘယ်လိုမျိုးလဲ "

သူ၏အမေးကြောင့် ဟန်မာရီတယောက် အစကကြောင်သွားရသလို ပီးနောက်‌အော်ရယ်မိမလိုပင်ဖြစ်သွားရသည်.. သူ့လိုဘုရင်မတယောက်၏ခေါ်ခြင်းခံရသည့်မိန်းမပျိုသည် သေချာပေါက်ကိုယ်လုပ်တော်ဖြစ်မည်မဟုတ်လား.. ဒါကို ကလေးကအစသိကြသည် .. သို့သော်သူ့ရှေ့က ကလေးကြီးကတော့သိပုံမပေါ် .. ပီးတော့ သူ၏အိမ်ကဘယ်လိုမျိုးလဲတဲ့ ဟန်တိုင်းပြည်သည် ချမ်းသာကြွယ်ဝမှုဖြင့်လဲနံမည်ကြီးတာမို့ တိုင်းပြည်၏နန်းတော်သည် အကောင်းဆုံးသော အရာတွေနှင့်တည်ဆောက်ထားတာမို့ ကြီးမားစွာ ခမ်းနားခြင်းတွေ ပြည့်လျှံနေသည့် နေရာပင်မဟုတ်လား ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Hikayelerin yaşadığı yer. Şimdi keşfedin