ကုတင်အစွန်းမှာထိုင်ရင်း အရောင်တောက်ပလို့လာပီဖြစ်တဲ့ ဆံနွယ်လေးတွေအား အသာပွတ်သပ်နေမိသည် .. ဒီနှစ်ရက်အတွင်း ကျဲအားလင်၏ကုသပေးမှုကြောင့် သူမလေး၏ကိုယ်အပူချိန်သည် ပုံမှန်ဖြစ်သွားသလို အသားအရောင်မှာလဲ သွေးရောင်ပြန်လွှမ်းလို့နေပီဖြစ်သည် .. သို့သော် လဲရွှန်းစိုတောက်ပသော မျက်ဝန်းစိမ်းလေးများကတော့ ပွင့်လို့မလာသေးပေ .. လပြည့်ရက်ရောက်ဖို့ နှစ်ရက်သာလိုတော့တာကြောင့် ဟန်မာရီမှာ သူ၏ ကလေးငယ်အား အမြန်ဆုံးနိုးထသတိရစေချင်သည် ..
" အမြန်ဆုံးသတိပြန်ရပါတော့ဖိန်းဖိန်း .. မင်းငါ့ကိုပစ်ထားတာ ရက်အတော်ကြာပီနော် .. မင်းမရှိတာ ငါ့အတွတ်အဆင်မပြေလှဘူး .. တကယ်ကို .. ငါမင်းကိုလွမ်းလှပီ .. ငါ့ရဲ့အပြစ်အတွတ် အမြန်ဆုံးပေးဆပ်ခွင့်ပြုပါတော့ "
တိုးညှင်းသောစကားလုံးများဟာ အနားသပ်များကတုန်ယင်လို့နေသေးသည် .. လက်ချောင်းသွယ်သွယ်လေးအား အသာဆုပ်ကိုင်ရင်း မကြားနိုင်သေးသော သူအားစကားတွေပြောနေမိသည် ...
" ဆေးတိုက်ချိန် ရောက်ပါပီအရှင် .. "
လျှောက်တင်သံနှင့်အတူ အခန်းထဲဝင်လာသော ကျဲအားလင်ကြောင့် ဟန်မာရီ၏ဝေ့ဝဲနေသည့် မျက်ရည်စအား မျက်တောင်ခတ်၍ သိမ်းလိုက်ပီး ထိုင်နေရာမှထလိုက်သည်..
" အရှင့်ကို ဂါဝရပြုပါတယ် "
ကျဲအားလင်၏နောက်မှ ရွယ်ဟန်နှင့် ဒန်လုကပါလိုက်ဝင်လာကြသည် .. ရွယ်ဟန်သည်လဲ ကျဲအားလင်၏ဆေးအစွမ်းကြောင့် တော်တော်ကိုကျန်းမာလို့နေပီဖြစ်သည် ...
" အင်း .. ရွယ်ဟန် .. "
နှုတ်ဆက်လာသောရွယ်ဟန်အား အသိမှတ်ပြုခေါင်းညိတ်ပြလိုက်ရင်း ဘေးသို့ဖယ်ပေးလိုက်သည် .. ကျဲအားလင်သည် ဆေးခွက်အားအနားရှိစားပွဲပေါ်ချလိုက်ကာ ကုတင်ဆီသို့တိုးကပ်သွားပီး ဖိန်းဖိန်း၏လက်ဖျံသွေးကြောအား စမ်းသပ်လိုက်သည် .. ကျဲအားလင်၏လုပ်ဆောင်မှုတွေအား ဟန်မာရီတို့သုံးယောက်သား မျက်တောင်မခတ်ကြည့်နေကြသည် ..
ကျဲအားလင်သည် သွေးကြောအားစမ်းသပ်ပီးနောက် ခုံပေါ်တွင်တင်ထားသော ဆေးခွက်အားယူကာ ဖိန်းဖိန်း၏နှုတ်ခမ်းအား အသာဟ၍ ဖြည်းဖြည်းခြင်းတိုက်လိုက်သည် ..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )