Part - 23 [Unicode]

6K 542 26
                                    

ပွဲတော်ကျင်းပရာနန်းရင်ပြင်ကြီးတွင် မီးရောင်များဖြင့်စည်ကားလို့နေသည်.. ခမ်းနားလှသည့်အခင်းအကျင်းများနှင့် အပြင်ဆင်များကမျက်စိပသာဒရှိလှသည်.. ကောင်းပေ့ဆိုသည့်အစားအသောက်များ နှင့်သေရည်များဖြင့်အပျိုတော်များကလိုက်လံဧည့်ခံလို့နေသည်..

နိုင်ငံအသီးသီးမှဘုရင်များ ၊ သံအမတ်များ ၊ မင်းညီမင်းသားများ နှင့် အရေးကြီးပုဂ္ဂိုလ်များမှာ အဆင့်အလိုက်ထိုင်နေကြပီး ဘေးတွင်ဝေယျာဝစ္စလုပ်ကိုင်ပေးမည့်အပျိုတော်တယောက်စီကအသင့်ရပ်လို့နေသည်.. ပွဲတော်ထိပ်ဆုံး၏အလယ်တွင်ရှိသော ရွှေရောင်ပလ္လင်ပေါ်တွင်တော့ ဟန်တိုင်းပြည်ကြီး၏ဧကရီ ဘုရင်မဟန်မာရီက ခန့်ညားလှပစွာထိုင်လို့နေသည်..

ဘုရင်မ၏ညာဘက်တွင်တော့ ဟန်တိုင်းပြည်၏
အရေးပါသောရာထူးမြင့်အမတ်ကြီးများ နှင့် စစ်သေနာပတိချုပ် ကထိုင်နေပီး ဘယ်ဘက်တွင်တော့ ဟန်တိုင်းပြည်၏ကိုယ်လုပ်တော်များထိုင်နေကြသည်..

ရုံလေးတယောက်တစုံတယောက်အားရှာဖွေနေမိသည်.. အခုထိတော့သူမ ရှာဖွေနေသည့်ပုံရိပ်အားမတွေ့သေးပေ .. ပလ္လင်ထက်တွင်ထိုင်နေသော ဘုရင်မအားကြည့်ကာ ရုံလေးနှုတ်ခမ်းများမဲ့ပစ်လိုက်သည်..

'အရှင်ကြည့်နေပါ .. အရှင့်ရဲ့ချစ်လှစွာသော
ကချေသည်လေးက လူပုံအလယ်မှာဘယ်လိုအရှက်ကွဲမလဲဆိုတာ .. အဟွန်း .. '

စိတ်ထဲမှရေရွတ်လိုက်ရင်း ကြံရွယ်ထားတဲ့အကြံစည်တွေအား တွေးပီးသဘောကျစွာပြုံးနေမိသည်..

ချစ်ကြည်ရေးပွဲတော်တွင်လူလဲစုံပီဖြစ်တာကြောင့် ဟန်မာရီထရပ်လိုက်သည်.. ဘုရင်မမတ်တပ်ရပ်လိုက်သည်နှင့် တီးမှုတ်ကပြဖျော်ဖြေနေသည်များအား ရပ်လိုက်သလို ပွဲတော်ရှိလူများအားလုံးသည်လဲ မတ်တပ်ရပ်ကာ အရိုသေပေးကြတော့သည်.. သူ့အားအရိုသေပေးလာသော ဘုရင်များနှင့် မင်းညီမင်းသားများ ၊ အမတ်များနှင့် တခြားသောသူများအား ပြန်လည်၍အရိုသေ‌ပေးနှုတ်ဆက်ကာ ထိုင်ရန်အချက်ပြလိုက်သည်..

ပီးနောက်ချစ်ကြည်ရေးတည်တံ့စေရန်အထိမ်းအမှတ်ဖြင့် သေရည်သောက်သုံးကြသည်..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now