Part - 16 [Unicode]

8.8K 606 17
                                    

မနက်ခင်းနေရောင်ခြည်ရဲ့အနွေးဓာတ်ကြောင့် ဟန်မာရီမျက်လုံးတွေအား ဖြည်းညင်းစွာဖွင့်လိုက်ရင်း ရင်ခွင်ထဲမှတင်းကြပ်စွာဖက်လို့ထားမိသောကိုယ်လုံးလေးကြောင့် နှုတ်ခမ်းကအလိုလိုပြုံးမိသွားသည် ..

မနက်ခင်းနိုးထလာတိုင်းသူ့အတွတ်ပီးပြည့်စုံသောအဓိပ္ပါယ်ရှိခြင်းတွေဆိုတာ ဒီကလေးမသူ့အနားကိုရောက်လာချိန်မှာဖြစ်တည်လာခြင်းပေ ..

အပြစ်ကင်းစွာအိပ်ပျော်နေသောထိုကလေးငယ်ကတော့ သိပ်ကိုချစ်ဖို့ကောင်းလွန်းလှသည်.. အကြိမ်ရေမနည်းလှသောချစ်ရည်လူးမှုကြောင့် ညကအတော်နောက်ကျမှအိပ်ရာဝင်ခဲ့ကြသလို အတော်လဲပင်ပန်းခဲ့ကြသည်မဟုတ်လား ဖြူစင်လှပီး အနည်းငယ်တုံးအလှသော သူ့ရဲ့ဖိန်းဖိန်းက သူမအားလှည့်စားပီး ယူရမည့်ဆုကြေးထက်များစွာပိုယူလိုက်သော သူ့ရဲ့အမြတ်ထုတ်လိုက်ခြင်းကို မသိရှာ ..

ညကအဖြစ်ပျက်အားပြန်လှန်တွေးရင်းနှင့်ပင် သဘောကျမိလာတာကြောင့် တယောက်ထဲပြုံးနေမိတော့သည်.. ကြီးမြတ်လှသောဟန်တိုင်းပြည်၏ဘုရင်မဟန်မာရီသည် အခုလိုလိမ်ညာလှည့်စားကာအမြတ်ထုတ်ခြင်းကိုဘယ်အချိန်ကစ၍များတတ်မြောက်သွားခဲ့ပါလိမ့်.

သူ၏ခါးအားကျစ်နေအောင်ဖက်၍ အိပ်နေရှာသော ဖိန်းဖိန်းအား ပြန်လည်သိုင်းဖက်လိုက်ပီးအားအနည်းငယ်ထည့်ကာဖျစ်လိုက်ကာ နှာဖျားနှစ်ခုအားထိကပ်ပွတ်သပ်လိုက်တော့ လူးလွန့်လို့လာတော့သည်..

" အိပ်ပုတ်လေး .. ထတော့ "

" ဟင့်အင်း ဖိန်းဖိန်းအိပ်ချင်သေးတယ် .. "

မျက်လုံးကြီးစုံမှိတ်ကာအိပ်ရာအားလွတ်ထွက်သွားမှာစိုးသည့်အလားကုတ်ကပ်နေသောသူမကိုကြည့်ကာဟန်မာရီရယ်ချင်လာတော့သည်..

" တကယ်မထဘူးလား "

" မထဘူး "

" ကောင်းပီလေ .. အဲ့လိုဆိုလဲဘယ်တတ်နိုင်မလဲ .. ငါကတော့ဒီနေ့ပန်းမျိုးတရာဥ‌ယျာဉ်ကိုလိုက်ပို့မလားလို့ ဒီအချိန်ဆိုပန်းမျိုးတရာဥယျာဉ်ထဲမှာနေရောင်နဲ့ပန်းတွေကအရမ်းကိုလှတာ .. ငှက်တွေကလဲမျိုးစုံလို့ .. "

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Où les histoires vivent. Découvrez maintenant