Part - 28 [Unicode]

5.2K 494 44
                                    

" ကိုယ်လုပ်တော်ရွယ်ဟန် "

" ဒန်လု ..ရွယ်ဟန် အရှင့်ကိုလာတွေ့တာပါ . . အရှင်နိုးပါပီလား .. "

"အရှင်က .. ညကအိပ်ယာဝင်နောက်ကျတာကြောင့် ... "

" ငါနိုးနေပါပီ . . . "

ကြည်လင်ပြတ်သားသော အသံနှင့်အတူ တံခါးနောက်မှ ထွက်လာသော ဘုရင်မကြောင့် ဒန်လုရော ရွယ်ဟန်ပါ ခါးညွှတ်အရိုသေပြုလိုက်သည်..

" အရှင် .. "

" အရှင် .. အရှင့်ကိုရွယ်ဟန်လာတွေ့ပါတယ် "

" ခရီးကပြန်ရောက်ပီလား ရွယ်ဟန် . . အစောကြီးလာတွေ့တာ အလောတကြီးပြောစရာများရှိနေတာလား . . အထဲဝင်ခဲ့ပါ .. "

ဘုရင်မနဲ့ ရွယ်ဟန်သည် အခန်းထဲရှိစားပွဲခုံတွင်ထိုင်လိုက်ပီး ဒန်လုက နောက်နားခပ်လှမ်းလှမ်းတွင် ရပ်လို့နေသည်..

" အရှင် . . ကိုယ်လုပ်တော်ရုံအကြောင်းကို ရွယ်ဟန်ကြားရပါတယ် .. ကိုယ်လုပ်တော်ရုံက အရှင့်အတွတ် ခစားခဲ့တဲ့အချိန်တွေကို ငဲ့ညှာပီး . . "

ဘုရင်မရဲ့ မျက်နှာဟာ တည်ငြိမ်နေသော်လဲ မျက်လုံးအကြည့်ကတော့ လေးနက်လို့သွားလေသည်..

" မနက်အစောကြီး ငါ့ကိုလာတွေ့တာက ဒီအကြောင်းပြောဖို့လား . . ရုံလေးကို ငဲ့ညှာဖို့ လာတောင်းဆိုတာလား . . "

" အရှင် . . . "

" နေရာတိုင်းမှာ စိတ်ထားကောင်းမနေစမ်းနဲ့ ရွယ်ဟန် . . မင်းသဘောထားကြီးတာငါသိတယ် .. ရုံလေးက သေသင့်တဲ့အပြစ်ကို ကျုးလွန်ခဲ့တာ . . နယ်နှင်ဒဏ်ဆိုတာက သူ့အတွတ် အသက်ညှာဆုံးသော အပြစ်ဒဏ်ပဲ . . ဒီအတွတ် ငါစကားတွေပြောဖို့ အချိန်မပေးနိုင်ဘူး . . လူတိုင်းကသူ့ရဲ့လုပ်ရပ်အတွတ်တာဝန်ယူရမှာပဲ . . "

ဘုရင်မရဲ့မျက်နှာဟာ အနည်းငယ်ခက်ထန်လာသလို အသံသည်လဲဒေါသသံဆွတ်လို့နေတာကြောင့် သူ၏ဒေါသအားထပ်၍မဆွမိစေရန် ရွယ်ဟန်သည် ခေါင်းငုံ့ကာ ထပ်၍မပြောရဲတော့ချေ . .

" ရွယ်ဟန် . . တောင်းပန်ပါတယ်အရှင် . . ဒီအကြောင်းကိုမပြောတော့ပါဘူး .. "

" ရွယ်ဟန် .. မင်းကစိတ်ထားနူးညံ့လွန်းတယ် .. ဒါကမင်းကိုအားနည်းချက်တခု မဖြစ်စေချင်ဘူး .. အရာရာတိုင်းမှာ အသွားအပြန်ဆိုတာရှိတယ် လူတယောက်ရဲ့မကောင်းမှုက သူ့အပေါ်တန်ပြန်လာမှာပဲ .. ဒါပေမယ့် တခါတလေမှာကျ ကောင်းလွန်းပြန်လဲမကောင်းဘူး ကောင်းမှုအကျိုးကိုလဲ ကိုယ်ပြုတဲ့အတိုင်းပြန်မရနိုင်ဘူး .. ထားပါတော့လေ .. ဒီတခေါက်ခရီးကရော အဆင်ပြေရဲ့လား .."

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now