Part - 22 [Unicode]

6K 595 65
                                    

အဆောင်တော်ရောက်သည်နှင့် ပါလာသောမုန့်တွေအားကုတင်‌ပေါ်တွင်ထိုင်ကာစားနေပြန်သည်.. ပုံမှန်ဆို အသန့်ကြိုက်လှသော သူက အခုလိုသူ့အိပ်ရာပေါ်တွင်မုန့်စားဖို့မပြောနှင့် သူအရေးပေးပါသည်ဆိုသော ကိုယ်လုပ်တော်များကိုပင် သူ့အိပ်ရာပေါ်ပေးမထိုင်ပေ . . သူအိပ်ဆောင်ဝင်မည်ဟုအကြောင်းကြားလိုက်သည်နှင့် ထိုအဆောင်ရှိ အိပ်ရာအဆောင်ယောင်အား အသစ်များဖြင့်ပြင်ဆင်ပီး အိပ်ဆောင်ဝင်ရမည့်ကိုယ်လုပ်တော်သည်လဲ အသန့်ရှင်းဆုံးဖြစ်နေရမည်ဖြစ်သည်..

သို့သော် အခုသူ့ရှေ့မှမုန့်များပလုပ်ပလောင်းစားနေပါသော ကလေးဆိုးရောက်လာသည့်အချိန်မှစ၍ သူ၏အဆောင်တခုလုံးသည် ရေချိုးဆောင်မှအစ အိပ်ရာပေါ်အဆုံး မုန့်များပွလို့နေတတ်သည်.. ဒါကိုသူကိုယ်တိုင်မငြိုငြင်မိသည့်အပြင် တခါတလေဆိုအသည်းယားကာ ထိုအပေအတေညစ်ပတ်အိုးလေးအား ပွေ့ဖက်နမ်းရှိုက်နေမိသေးသည်..

" ဖိန်းဖိန်း .. တနေကုန် စားသောက်ထားတာ မဝသေးဘူးလား ..အခုရေချိုးရမယ်လေ "

" ဟွန့် .. မာရီကလဲ .. ချိုးမှာပေါ့ .. အခုတော့မမရွယ်ဟန်လုပ်ပေးတဲ့မုန့်ကကောင်းလွန်းလို့စားပါရစေအုံး . . "

သူ့အားအစားမပျက်ပြန်ပြောကာ ဆက်၍စားနေပြန်သည့် ကလေးမအား ကြည့်ကာခေါင်းကိုသာခါယမ်းမိ‌တော့သည်..အနားသို့သွားကာ ဘေးသို့ကပ်ထိုင်လိုက်ပီး ပခုံးမှဆွဲကိုင်ကာလှည့်ယူလိုက်တော့ မျက်လုံးအဝိုင်းသားဖြင့်ကြည့်လာသည်..

မျက်လုံးစိမ်းစိမ်းလေးတွေဟာမီးရောင်အောက်တွင်လတ်ခါလို့နေပီး မျက်တောင်တချက်ခတ်လိုက်တိုင်း လှုပ်ခတ်လို့သွားသည့် မျက်တောင်ရှည်ရှည်တွေဟာ ကော့ညွှတ်လို့နေသည်.. ပါးစပ်အတွင်းပြည့်နေသောမုန့်တွေအား ဝါးနေသည့် သူမနှုတ်ခမ်းရဲရဲလေးတွေဟာ အရှေ့ကိုစူထွက်လို့နေတာကြောင့် ဟန်မာရီရင်တွင်းမှ ကလိကလိဖြစ်လို့လာတော့သည်။ ဆံနွယ်စိမ်းလေးများဝဲကျနေသည့် ပါးပြင်ဖြူဖြူလေးဟာ မုန့်များကြောင့် ဖောင်းကားလို့နေတာကြောင့် အသည်းယားဖွယ်ကောင်းလှသည်..

" မာရီ .. ဘာလို့အဲ့လောက်ကြည့်နေတာလဲဟင် .. အော်သိပီ .. မာရီလဲမုန့်စားချင်လို့ကိုး .. အဟီး ဖိန်းဖိန်းက စားလို့ကောင်းနေတာနဲ့ မာရီကိုကျွေးဖို့မေ့သွားတာ .. စိတ်ဆိုးနဲ့နော် ..အွန့် .. မာရီကိုကျွေးမယ် "

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now