Part - 24 [Zawgyi] ⚠️

790 10 0
                                        

ဖိန်းဖိန်းဖျော်ဖြေလို့ပီးသွားသည်နှင့် ဒန်လုအားလွှတ်ကာ ခေါ်ခိုင်းလိုက်သော်လဲ ဟန်မာရီနှင့်ဘုရင်များ၏ ဆွေးနွေးခြင်းပင်ပီးတော့မည် သူ၏ကလေးငယ်ရော သွားခေါ်သည့် ဒန်လုရော အခုထိပေါ်မလာသေးပေ .. ဟန်မာရီတယောက်စကားသာပြောနေရသည် စိတ်ကတော့မတည်ငြိမ်နိုင်တော့ ...

အပြင်ပန်းက တည်ငြိမ်ချင်ယောင်ဆောင်နေသော်လဲ စိတ်ထဲတွင်ပူပန်မှုတို့ ကြီးစိုးနေသည့် ဘုရင်မအားကြည့်ကာ ရုံလေးနှုတ်ခမ်းတွေအားမဲ့ပစ်လိုက်သည်..

' ဘယ့်နှယ်လဲအရှင် .. တော်တော်မှပူလောင်နေရဲ့လား .. မစိုးရိမ်ပါနဲ့အုံးအရှင် .. အရှင့်နှလုံးသားရော အရှင့်ရဲ့မျက်နှာပါ အရှက်တကွဲကြောင့် ပူလောင်ရအုံးမှာ .. "

ဘုရင်မရဲ့ကချေသည် ကပွဲစင်ပေါ်ကဆင်းတာကိုမြင်သည်နှင့် ဒန်လုအားသွားခေါ်ခိုင်းလိုက်သည်ကို ရုံလေးမြင်လိုက်ရသည်.. ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း အပျိုတော်အား ဆေးခပ်ထားသည့် သေရည်ကိုတိုက်ခိုင်းထားတာကြောင့် သွားခေါ်မည့်ဒန်လုကိုရအောင်တားရမည်..

ဒန်လုထွက်သွားသည်ကိုမြင်သည်နှင့်ရုံလေးလဲနေရာမှထ၍ထွက်လာခဲ့လိုက်သည်..

" အ့ .. မူးလိုက်တာ .. ငါ့ခေါင်း.. အမလေး .. "

ရှေ့မှသွားနေသည့်ဒန်လုအားအမှီလိုက်ကာ အနားရောက်သည်နှင့် ရုံလေးပစ်လှဲချလိုက်တော့သည်..

" ဟင် .. ကိုယ်လုပ်တော်ရုံ .. ဘာဖြစ်တာလဲ .. ကိုယ်လုပ်တော်ရုံ .. "

သူ့အားပြေးထိန်းကာ ခေါ်နေသည့်ဒန်လု၏လက်တွေအားဆွဲထားလိုက်ရင်း ခေါင်းမူးချင်ယောင်ဆောင်နေလိုက်သည်.. အခုရောက်နေသည့်နေရာသည် ကပွဲစင်၏အနောက်ဘက်ဖြစ်ကာ ကစင်ပေါ်တွင်တီးခတ်နေကြသူများမှလွဲ၍ဘယ်သူမှမရှိကြပေ .. ဂီတသံများနှင့်အတူ အချင်းချင်းနှုတ်ဆက်စကားပြောနေသံများကြောင့် ရုံလေးတို့အားဘယ်သူမှသတိမထားမိနိုင်ပေ .. ဒါကိုရုံလေးကြိုတွက်ထားပီးသားဖြစ်သည်..

" ကိုယ်လုပ်တော်ရုံ ..အဆင်ပြေရဲ့လား .. ဒန်လုသမားတော်သွားခေါ်ပေးပါ့မယ် .. "

" အ့ .. ဒန်လု .. ငါ့ကိုအဆောင်တော်လိုက်ပို့ပေးနိုင်မလား .အ့ .ကျွတ် ကျွတ်.. အခုချိန်ကအကုန်လုံးကအလုပ်ရှုပ်နေကြတာဆိုတော့ .. ဒုက္ခမပေးချင်ပါဘူး .. အဆောင်မှာပဲနားလိုက်ပါ့မယ် .. "

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Hikayelerin yaşadığı yer. Şimdi keşfedin