Part - 30 [Unicode]

4.7K 438 19
                                    

ရွယ်ဟန်၏စကားကြောင့် ဘုရင်မရဲ့မျက်နှာဟာ တုန်လှုပ်သွားသလို နီစွေးစွေးနှုတ်ခမ်းတစုံဟာ လှုပ်ခတ်လို့သွားတော့သည် ..

" ရွယ်ဟန် .. မင်းဘာပြောလိုက်တာလဲ .. "

" စိုးရွံ့မိပါတယ်အရှင် .. ဖိန်းဖိန်းက "

ရွယ်ဟန်ဟာစကားအားဆက်၍မပြောတော့ပဲ စိတ်မကောင်းစွာ ခေါင်းကိုသာငုံ့လို့သွားတော့သည်..

ထိတ်လန့်သွားရှာသောဘုရင်မဟာ ဝမ်းနည်းတကြီးရှိုက်ငိုနေရှာသော သူ၏အသည်းအသက်အား ပြေး၍ထွေးပွေ့လိုက်ရင်း ပါးပြင်ပေါ်ကမျက်ရည်တွေအား အလိုမရှိစွာအလောတကြီးဖယ်ရှား‌ပေးတော့သည်..

" ဖိန်းဖိန်း .. ငါ့ကိုကြည့်ပါ .. ငါ့ကိုကြည့်ပါအုံးကလေးငယ် .. ငါ မင်းကိုစိတ်ဆိုးတာမဟုတ်ရပါဘူး .. ငါ နောက်ဆိုမဆူတော့ပါဘူး .. ငါ့ကိုကြည့်ပါအုံး "

တဖြည်းဖြည်းဖြူဖျော့လာသော ခန္တာကိုယ်လေးသည် ထိုးတက်လာသောအပူရှိန်တို့ကြောင့် ချွေး‌များရွှဲနစ်လို့နေသည် . .

တည်ငြိမ်၍ အိန္ဒြေကြီးလှပါသော ကြီးမြတ်လှသည့်ဧကရီသည် သူ၏ရင်ခွင်ထဲက အစိမ်းရောင်တည်ရှိမှုလေးရဲ့ ပြောင်းလဲလာသော အားနည်းမှုတွေကြောင့် အကြီးကျယ်ပျက်ပြားနေသော သူ့မျက်နှာတော်ကိုတောင် သတိမမူနိုင်တော့ပေ ...

" ရွယ်ဟန် .. ငါတို့ဘာလုပ်သင့်လဲ .. သူမကိုကယ်ပါအုံး .. ငါ .. ငါ ဘာလုပ်ရမလဲ "

သူ၏ရာဇအိန္ဒြေကိုပင် မေ့သွားရအောင် သောက ဗျာပွေ နေရှာသည့် အရှင်သခင်မ အား ကြည့်ကာ ရွယ်ဟန်ကိုယ်တိုင်လဲ ရင်ထဲမကောင်းလွန်းလှပါ .. ဧကရီ၏ရင်ခွင်ထဲမှ . မိန်းကလေးသည် အခုချိန်တွင် လုံးဝကိုမေ့မြောလို့သွားလေတော့သည် . 

" အရှင် .. အရင်ဦးဆုံး ဖိန်းဖိန်းကို အိပ်ဆောင်ကိုခေါ်သွားကြရအောင်ပါ .. နန်းတွင်းသမားတော်ပင့် အဖျားကျဆေးတိုက်ထားပီး သူ့အတွတ်ဆေးကို ကျွန်တော်မျိုးမတို့ရှာရလိမ့်မယ် .. "

" ကောင်းပီ .. ဒန်လု သမားတော်ကိုသွားခေါ်ခဲ့ .. မြန်မြန် .. "

ဘုရင်မသည် ဒန်လုအားသမားတော်ကိုပင့်ခိုင်းကာ ရင်ခွင်ထဲမှဖြူဖျော့နေရှာသည့် ကိုယ်လုံးလေးကိုပွေ့ယူ၍ သူ၏အိပ်ဆောင်သို့ အပြေးတပိုင်းခြေလှမ်းတို့ဖြင့်ထွက်သွားတာကြောင့် ရွယ်ဟန်သည်လဲ နောက်မှအမြန်လိုက်ရတော့သည်..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now