" ဖိန်းဖိန်း! .... "
ပူပန်နေခဲ့ရသော မျက်နှာလေးကဘာမှမပြောင်းလဲတာကြောင့် ဟန်မာရီစိတ်သက်သာသွားရသည် ...
" မမရွယ်ဟန် ... "
" အပြာရောင်ငါးနတ်သမီးရွယ် !!! "
ဟန်မာရီ၏နောက်ပါးမှ ရွယ်ဟန်အားတွေ့သည်နှင့် ဝမ်ရှဲ့လုံနှုတ်က အံ့ဩစွာရေရွတ်လာသည် ...
" ဘယ်လိုဖြစ်လို့ လူသားမျိုးနွယ်က မဟူရာရပ်ဝန်းထိဝင်လာနိုင်ရတာလဲ .. ပီးတော့ အပြာရောင်ငါးမျိုးနွယ်က ပျောက်ကွယ်သွားပီမဟုတ်ဘူးလား ... "
"အပြာရောင်ငါးမင်းသမီး! .. မမက အပြာရောင်ငါးမျိုးနွယ်ဝင်လား .. ဖိန်းဖိန်းမသိခဲ့ဘူး.. မမက ဟန်တိုင်းပြည်မှာ ဖိန်းဖိန်းနဲ့အတူရှိနေခဲ့တာ"
" ဘယ်လို !!!! .. ဘာပဲဖြစ်ဖြစ်ပါလေ .. ရောက်လာပီဆိုမှတော့လဲ ငါးမန်းနက်မျိုးနွယ်တွေကဧည့်ခံရမှာပေါ့ ... "
ဖိန်းဖိန်းရဲ့အပြောကြောင့်ဝမ်ရှဲ့လုံက အစကအံ့ဩသွားကာ သူ့လူတွေအားအချက်ပြလိုက်သည်မို့ အနားရှိအစောင့်များက ဖိန်းဖိန်းအားချုပ်ထားလိုက်ကြကာ ကျန်လူများက ဟန်မာရီနှင့် ချန်ကျင့်ဖိန်းအား ဝိုင်း၍တိုက်ခိုက်ကြတော့သည် ...
ချန်ကျင့်ဖိန်းသည် အတွင်းအားအမြုတေအား ချိတ်ပိတ်ထားရတာဖြစ်ပီး ဟန်မာရီသည် အမြူတေစွမ်းအားမရှိသည့် သာမာန်လူသားဖြစ်တာကြောင့် အစွမ်းကုန်ခုခံတိုက်ခိုက်နေရသည် ...
ရွယ်ဟန်သည်လဲ သူ၏အားနည်းလှသော အမြုတေလေးအားသုံး၍ ကူညီတိုက်ခိုက်ပေးနေရှာသည် ..
အချိန်တခုထိပြင်းထန်စွာတိုက်ခိုက်နေရင်းမှ ရှဲ့ထုံ၏အတွင်းအားအမြုတေသည် ဟန်မာရီအား အားပြင်းပြင်းဖြင့်ထိမှန်သွားတော့ သည် ...
" အရှင် !!! "
" မာရီ !!!!! "
မဟူရာအတွင်းအားမှန်သွားတာကြောင့် ဟန်မာရီ လဲကျနေချိန်တွင် ဝမ်ရှဲ့လုံသည် သူ့လက်ထဲမှ မဟူရာအဆိပ်ရိုးဖြင့် ပြေး၍ထိုးရန်ပြင်လိုက်တော့သည် ...
" အရှင် !! ... သတိထား !! "
" ...... "
" ဝုန်း!!!!!!! "
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )