Part - 5 [Unicode]

9.4K 749 21
                                    

" ရေး... ဖိန်းဖိန်းက အရှင့်ကိုလဲပိုင်တယ် "

လက်နှစ်ဖက်စလုံး‌မြှောက်ကာ ခုန်ပေါက်နေသော ကောင်မလေးကိုကြည့်ကာ ဟန်မာရီပြုံးမိသွားသည် .. သူမြင်ဖူးသမျှအပြုံးများသည် အခုလိုဖြူစင်ခြင်းမရှိခဲ့ကြ ဟန်ဆောင်မှုများ ညှို့ယူဖမ်းစားမှုများဖြင့်သာ ပြည့်နေခဲ့သည် ..

" ဝါး .. အရှင်က ပြုံးရင်တော်တော်လှတာပဲ "

သူ၏မျက်နှာနားသို့ကပ်ကာ ပြောလာသောကြောင့် အမြန်ပင်နောက်သို့ဆုတ်ပီးမျက်နှာကိုတည်လိုက်ရသည် .. သူပြုံးမိလိုက်တာလား ကိုယ့်ကိုကိုယ်အံ့ဩစွာပင်ခေါင်းကိုအသာရမ်းမိသည် ..

" ဒါဆိုအရှင်က ဒီနိုင်ငံကြီးရဲ့ဘုရင်ပေါ့ အရှင့်နံမည်ကဘာတဲ့လဲ "

အရွယ်ရောက်စဉ်ကပင်သူ၏နံမည်အား အခုလိုမေးမည့်သူမရှိသလို ကိုယ်တိုင်နှုတ်မှလဲထုတ်မပြောခဲ့ဖူးပေ ..အခုတော့သူ့ရှေ့က ကောင်မလေးဟာ သူမလုပ်ဖူးသောအရာတွေကိုလုပ်စေသည် ..

" ဟန်မာရီ "

" ဟန်. မာ .ရီ "

သူ၏နံမည်အားတလုံးချင်းလိုက်ရွတ်နေကာ ခေါင်းလေးတညိတ်ညိတ်လုပ်နေသေးသည် .. သူ၏အမည်နာမကို အခုလိုရွတ်ဆိုသူမှာ ဒီလောကတွင်မရှိသလောက်ရှားပါးလှသည် .. အခုလိုမိန်းမငယ်လေးနှုတ်မှ သူ၏နံမည်အား လေးစားမှုမရှိရေရွတ်ခြင်းမှာ ပထမဆုံးပင်ဖြစ်ပီး သူကိုယ်တိုင်ကလဲ ဒေါသထွက်တာမျိုးမဖြစ်မိသလို ဒီလိုအခေါ်ဝေါ်ကပင် နေသားကျသလို ခံစားရသည် ..

သန်းခေါင်းယံအချိန်ပင်ကျော်နေချေပီ ထိုကလေးမက အငြိမ်မနေသေး ..သူ၏အိပ်ဆောင်အတွင်း၌လျှောက်ပတ်ကာဟိုဟာကိုင်ကြည့်လိုက် ဒီဟာပြေးကြည့်လိုက်လုပ်နေ‌သည် ..

" ဖိန်းဖိန်း ... ဒီကိုလာ "

အထူးအဆန်းလိုလိုက်ကြည့်နေသော သူမအားခေါ်လိုက်တော့ အနားသို့ရောက်လာသည် ..

" တော်တော်တောင်နောက်ကျနေပီ အိပ်တော့ "

" အိပ်ရမယ်... "

" အင်း.. ဒီမှာလှဲလိုက် "

ကြီးမားသောအိပ်ယာကြီးပေါ်မှသူ၏ဘေးသို့ပုတ်ပြတော့ ပြုံးရင်း အိပ်ယာပေါ်သို့တက်လာသည် ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Onde histórias criam vida. Descubra agora