Part - 12 [Unicode]

8.3K 647 38
                                    

မနက်ခင်းနေရောင်ခြည်‌နွေးနွေးကအခန်းထဲသို့ကျရောက်လို့နေသည် ..ညကတော်တော်နောက်ကျမှ အိပ်ရာဝင်ခဲ့ရ၍ဘုရင်မမှာအခုထိမနိုးသေးပေ ..

" မာရီ ... မာရီလေးရေ .. ခစ် .. ခစ် "

ဖိန်းဖိန်းတယောက်အိပ်ရာနိုးသည်နှင့်ဘေးနားတွင်အိပ်ပျော်နေသော ဘုရင်မအားစနောက်နေခြင်းပေ..

ဘုရင်မ၏မျက်နှာအနှံ့အား လက်ညှိုးလေးဖြင့်တို့ထိကာ စနောက်ရင်း သဘောကျစွာရယ်နေလေသည်.. ပါးစပ်မှလဲကလေးလေးတယောက်ကိုခေါ်သလို ခေါ်နေသေးသည်..

ဟန်မာရီမှာအိပ်နေရင်းမှ သူ၏မျက်နှာအား တို့လိုက် ခေါ်လိုက်လုပ်ရင်း ရယ်သံလွင်လွင်လေးတွေကြောင့် နိုးလာတော့သည်..

မျက်လုံးများဖွင့်လိုက်သည်နှင့် မြတ်နိုးရပါသော မျက်နှာလှလှလေးအားတွေ့လိုက်ရသည်.. မျက်နှာချင်းဆိုင်အနေထားဖြင့်ဘေးတိုက်လှဲအိပ်နေသော သူ့ရှေ့မှခန္တာကိုယ်လေးအား ခါးမှသိမ်းကာဆွဲယူလိုက်တော့ ကိုယ်နှစ်ခုကပူးကပ်လို့သွားသည်..

ရုတ်တရပ်ဆွဲယူခံလိုက်ရ၍ သူမလေးကမျက်လုံးအပြူးသားနှင့်ကြည့်နေသည်..

" မာရီ .. မာရီကအိပ်နေတာမဟုတ်ဘူးလား "

" အိပ်နေတာလေ .. ကလေးဆိုးကြီးက အငြိမ်မနေပဲစနောက်နေမှတော့ .. နိုးပီပေါ့ "

မျက်လုံးအဝိုင်းသားဖြင့်ကြည့်နေသော ကလေးဆိုးကြီးအားကြည့်ကာပြောလိုက်တော့ သွားလေးဖြဲပြလာရှာသည်..

" အဟီး ... ဖိန်းဖိန်းကပျင်းလို့စလိုက်တာပါ .. မာရီအိပ်ရေးမဝဖြစ်သွားပီပေါ့ .. ပြန်အိပ်နော် ဖိန်းဖိန်းချော့သိပ်မယ် "

ဟန်မာရီ၏ကျောပြင်အား လက်ကလေးဖြင့်အသာပုတ်ကာ ချော့သိပ်သည့်ပုံစံလေးလုပ်လာသော သူမလေးအားအသည်းယားလာကာ တင်းကြပ်စွာပို၍ဆွဲဖက်လိုက်သည်..

" အခုမှတော့ပြန်အိပ်ခိုင်းလို့မရတော့ဘူး .. နှိုးတုန်းကနှိုးပီးတော့ .. တာဝန်ယူရမယ် "

" အ... မာရီ .. အဲ့လောက်အတင်းကြီးမဖက်ထားနဲ့လေ ဖိန်းဖိန်းအသက်ရူလို့မရတော့ဘူး အ... ခစ်ခစ် .. မာရီ "

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now