စားပွဲဝိုင်းတွင်ထိုင်စောင့်နေသော ဘုရင်ချင်းလီ၏ ရှေ့ခုံတွင် ဟန်မာရီဝင်ထိုင်လိုက်တော့ ရွှင်ရွှင်ပျပျ ပြုံးပြလာသည်..
" ကျွန်တော်မျိုးမအဆောင်တော်ထိ လာတွေ့တာ ဘာတွေများအရေးကြီးကိစ္စ ရှိနေပါသလဲ "
ဟန်မာရီ၏မကျေနပ်သံအနည်းငယ်စွတ်နေသော အပြောအား ချင်းလီသည်အပြုံးမပျက်ပင် တုံ့ပြန်ပီး သူ၏လက်ထဲမှအရာတခုအား စာပွဲခုံပေါ်တင်ပေးလာသည် .. ထိုတင်ပေးသော ပစ္စည်းအား စိတ်မပါစွာပင်ကြည့်လိုက်တော့ ချင်းလီချပေးသော အရာမှာ လက်သန်းအရွယ် ငွေရောင်ဘူးသေးလေးတဘူးပင်ဖြစ်သည်..
" . . . . "
" သေချာသိမ်းထား .. အရမ်းရှားတဲ့ပစ္စည်းပဲ နောက်တခါရဖို့မဖြစ်နိုင်ဘူး .. တချိန် မင်းအတွတ်လိုအပ်လာလိမ့်မယ် .."
ချင်းလီ၏မျက်နှာအမူယာသည် ခါတိုင်းဟန်မာရီနှင့်ဆုံတိုင်း ကျီစယ်စနောက်သည့်ပုံမျိုးမဟုတ်ပဲ တည်ငြိမ်လေးနက်လို့နေသည် .. ဟန်မာရီသည် စားပွဲပေါ်က ငွေရောင်ဘူးသေးလေးအား လှမ်းယူလိုက်ပီး သေချာကြည့်လိုက်လေသည်..
" တကယ်အသုံးလိုမှ ဖွင့်ပီးသုံးပါ "
" ဒါက ဘယ်လိုနေရာမှာသုံးတဲ့ဟာလဲ .. အရှင်က ဘာလို့ကျွန်တော်မျိုးမကို ပေးတာလဲ "
" အဲ့ထဲမှာ နတ်ပင်လယ်ကိုသွားနိုင်တဲ့ ဆေးရည်ပါတယ် သူကတခါပဲအသုံးပြုလို့ရနိုင်မယ် .. ဘာလို့မင်းကိုပေးတာလဲဆိုတော့ ငါမင်းကိုဖြည့်ဆည်းပေးနိုင်တာ ဒါပဲရှိလို့ .. မင်းမှာငါ့ဆီက လိုအပ်တာဘာမှမရှိဘူးလေ .. ဒါပေမယ့်မင်း ဒါကိုတော့လိုလိမ့်မယ်ထင်တယ် .. ဘယ်လိုအကြောင်းအရာရှိလာပါစေ ငါ့ကိုလာရှာခိုင်းပါ .. မင်းရဲ့အရည်ချင်းကို မယုံကြည်တာမဟုတ်ပေမယ့် တချို့ အကြောင်းအရာက သက်ဆိုင်သူတွေဖြေရှင်းတာ ပိုကောင်းမယ် .. "
ချင်းလီရဲ့စကားတွေဟာ လေးနက်နေပီး မျက်နှာဟာ တည်ငြိမ်လို့နေတယ် .. သူ့ရဲ့စကားတွေကြောင့် ဟန်မာရီဟာ အနည်းငယ်အံ့ဩသွားမိသလို အနည်းငယ်လဲရှုပ်ထွေးသွားလေသည်..
" အရှင် .. နတ်သူငယ်ပင်လယ်ကိုသိနေတာလား .. ဒါဆိုဖိန်းဖိန်းရဲ့အသွင်အမှန်ကိုပါ .. "
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )