မနက်ခင်းနေဝန်းနီနီက ပင်လယ်ထဲမှထိုးထွက်လာသည့်အလား .. ဖိန်းဖိန်းသွားသည့်အချိန်မှစ၍ တလှမ်းမျှမရွေ့ပဲ စောင့်နေခဲ့ခြင်းဖြစ်သော်လဲ သူ၏အသည်းအသက်ကတော့ ထွက်ပေါ်၍မလာသေးပေ .. မလှမ်းမကမ်းကကျောက်ဆောင်ဘေးတွင်မှီကာ အိပ်နေသော ဒန်လုအားတချက်လှမ်းကြည့်လိုက်တော့ အားကိုးရသောအထိန်းတော်ကြီးက အပူပင်ကင်းစွာအိပ်နေတုန်းပင် .. ဟန်မာရီသက်ပြင်းအသာချကာ ပင်လယ်ပြင်ဆီသို့ အကြည့်အားပြန်ပို့လိုက်သည် ...
နီထွေးနေသော နေမင်းကြီးအောက်တွင်ပင်လယ်ပြင်ဟာ ငွေမှင်ရောင်သန်းကာ လှပနေသည် .. ထိုအလှပကိုမခံစားနိုင်သေး ရင်ထဲကအပူမီးကတဖြည်းဖြည်းမြင့်တက်လို့သည့် ဟန်မာရီတယောက် အကျီလက်အတွင်းမှ ဖန်ဘူးအသေးလေးအား ယူကာ လက်ဖဝါးတွင်ကျစ်ကျစ်ဆုပ်ထားမိသည် ..
" အရှင် ... "
ဘယ်အချိန်ကနိုးလာသည်မသိသော ဒန်လုကသူ့အနောက်သို့ရောက်နေပီဖြစ်သည် .. ပူပန်မှုတို့ဖြတ်ပြေးနေသည့် ဘုရင်မရဲ့မှုန်ကုပ်ကုပ်မျက်နှာတော်ကြောင့် ဒန်လုသည်လဲ အခြေနေအားသတိထားမိသွားတော့သည် ..နေလုံးနီနီ၏စူရှသောအလင်းရောင်နှင့်အပြိုင် နီစွေးစွေးဝတ်ရုံတော်က အရောင်သွေးတောက်ပနေကာ ဝတ်ရုံပိုင်ရှင်၏ ကျောက်စိမ်းရောင်အသားအရည်တို့ကြောင့် နေမင်း၏အလင်းရောင်သည်တောင် သိမ်ငယ်သွားသယောင် .. သို့သော်လဲ ဘုရင်မ၏မျက်နှာသည်တော့ ပြိုတော့မည့်မိုးအလား မကြည်လင်နိုင်ပေ ...
" သူမ .. အခုထိပြန်မလာသေးဘူးဒန်လု "
ဘုရင်မ၏အသံသည် ပုံမှန်လေသံဖြစ်သော်လဲ စိတ်လှုပ်ရှားခြင်းတို့က အဖျားရိုက်သွားလေသည် .. သူ၏မျက်လုံးများသည်လဲ ကျယ်ပြောလှသော ပင်လယ်ပြင်ထံမှမခွာပေ ..
" ကချေသည်ဖိန်းဖိန်းက မိသားစုနဲ့ဝေးကွာပီး အခုမှပြန်ဆုံတာကြောင့် ပြန်လာဖို့နောက်ကျနေတာဖြစ်မှာပါအရှင် .. အရှင်ကနန်းတော်ကိုပြန်ပီး အနားယူလိုက်ပါ ဒန်လုကစောင့်နေပါ့မယ် ..ညကလဲတညလုံးမအိပ်ထားတော့ ကျန်းမာရေးထိခိုက်မှာစိုးပါတယ် "
ဒန်လု၏စကားအား ဟန်မာရီတယောက်သက်ပြင်းချလိုက်ပီး ..
" ဘာကြောင့်မှန်းမသိ ငါ့စိတ်ထဲ လေးနေတယ် .. ဒါဆို ဒန်လု မင်းကဒီမှာစောင့်နေခဲ့ .. ငါနန်းတော်ပြန်ပီး ရွယ်ဟန်နဲ့ကျဲအားလင်ကိုသွားတွေ့လိုက်အုံးမယ် .. တကယ်လို့ငါပြန်မရောက်ခင် သူမ ပြန်လာခဲ့ရင်လဲ မင်းကသေချာစောင့်ရှောက်ပီးခေါ်ခဲ့ပါ .. ငါအမြန်ပြန်လာခဲ့မယ် "
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )