Part - 27 [Zawgyi]

234 7 0
                                    

ဓားကိုကိုင်မြှောက်ထားရင်းဖြင့် အသံလာရာသို့ကြည့်လိုက်ရာ ဧည့်သည်တိုင်းပြည်များ၏ထိုင်ခုံနေရာမှ မက်တပ်ရပ်နေသောလူငယ်တဦးအားတွေ့လိုက်ရသည်.. ထိုလူငယ်သည် အသက်အားဖြင့်ဟန်မာရီနှင့် သက်တူရွယ်တူလောက်ရှိပုံပေါ်ပီး အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားသည်.. အရပ်အမောင်းမှာသာမာန်ကြည့်ကောင်းသည့် အနေထားတွင်ရှိပီး သူ၏ဆံပင်အရောင်သည် ခဲရောင်ဖြစ်နေကာ အားလုံးကိုမြင့်မြင့်စု၍ချည်ထားလေသည်..

အားလုံး၏အကြည့်များသည် ထိုလူဆီသို့ရောက်သွားကြပီး တဖန်ဟန်မာရီအားအကဲခတ်လာကြသည်.. သူသည်ဟန်မာရီရှိရာသို့ တလှမ်းချင်းလှမ်းလာကာ ရှေ့တည့်တည့်တွင်ရပ်၍ အရိုသေပြုလာတာကြောင့် လူငယ်၏မျက်နှာအစိတ်ပိုင်းများအား အနီးကပ်မြင်ရတော့သည်.. ထိုလူငယ်သည် မေးရိုးကား၍ မျက်ခုံးထူထူများရှိနေပီး မျက်ခုံးနှစ်ခု၏အလယ်တွင်တော့ အနက်ရောင်ငါးတကောင်သည် ကွေး၍အနေထားဖြင့်ရှိနေသည်.. အမှတ်သား၏အရောင်သည် ဖျော့တော့နေပီး တောက်ပမှုမရှိသလို အနီးကပ်တွေ့ကာမှ ငါး၏အသွင်သည်လဲ ဒေါသထွက်‌နေသော ငါးမန်းတကောင်ပင်ဖြစ်သည်.. သူ၏မျက်လုံးအရောင်သည်လဲ ဆံပင်အရောင်ကဲ့သို့ပင် မီးခိုးရောင်မှိုင်းမှိုင်းဖြင့် အနည်းငယ်ကျဉ်းပေသည်..

" မင်းကဘယ်သူလဲ .. ဘာကြောင့်ငါ့ကိုဟန့်တားရဲတာလဲ .. "

ဟန်မာရီသည်အလိုမကျမှု‌တို့ကြောင့် မျက်မှောင်ကြုံ့၍မေးလိုက်သည်..

" ဘုရင်မဟန်မာရီကိုဂါဝရပြုပါတယ် .. ကျွန်တော်မျိုးက ထုံလန်ပြည်က သံတမာန်ဖြစ်တဲ့ ရှဲ့ထုံပါ "

" ထုံလန်ပြည်က ရှဲ့ထုံ .. အသင်ကငါ့ရဲ့ဧည့်သည်ဖြစ်တာကြောင့် ကောင်းမွန်စွာသတိပေးပါရစေ .. ငါက ငါ့ကိုဟန့်တားတာကိုမကြိုက်ဘူး .. "

" စိတ်မရှိပါနဲ့ဘုရင်မ .. ရှဲ့ထုံကဧည့်သည်ဖြစ်တာကြောင့် ဟန်တိုင်းပြည်ရဲ့ဥပဒေကို နားမလည်ပါဘူး .. ဒါပေမယ့် အခုလိုလူအများစုံရာ ပွဲတော်အလယ်ကြီးမှာ ကိုယ်လုပ်တော်တပါးကို ကွတ်မျက်တာကတော့ ... "

" ချွင် ... "

ရှဲ့ထုံ၏စကားသံသည်ဘုရင်မ၏ ဓားသံအောက်တွင် ရပ်လို့သွားတော့သည် .. ဟန်မာရီသည်ဒေါသကြောင့် မေးရိုးများကတင်းနေပီး ဓားအားမြေပြင်သို့ဆောင့်ချကာ ရှဲ့ထုံ၏မျက်လုံးများအားစိုက်၍ကြည့်ကာ ..

ဧကရီ၏ ကချေသည်  [ဧကရီ၏ ကေခ်သည္ ]Where stories live. Discover now