အခုဆိုရင်ဘုရင်မကမိန်းကလေးတဦးကို ညီလာခံအတွင်းမှသူ၏ဝတ်ရုံတော်အားခြုံပေးကာပွေ့ချီ၍ခေါ်သွားသည်ဆိုသော သတင်းကနန်းတော်တခုလုံးပျံ့နှံ့လို့နေသည်..
ထို့မိန်းကလေး၏ထူးခြားသောဆံပင်အရောင်နှင့်လှပခြင်းတို့မှာလဲ တယောက်နှုတ်မှတယောက်ပျံ့လို့နေသည် ..ပို၍အံ့အားသင့်ဖွယ်ရာမှာတော့ ထိုဆံပင်အစိမ်းရောင်မိန်းကလေးသည် ဘုရင်မ၏အဆောင်တွင်နေထိုင်သည်ဆိုတာပင်ဖြစ်သည် ..
" မင်းပြောစရာရှိနေတာလား .. ဒန်လု "
ဟိုနေ့ကညီလာခံအတွင်းမှမပြီးပျက်ခဲ့သော
စာလွှာများအားဖတ်နေရင်း ဘေးနားမှနေကာ တကြည့်ကြည့်လုပ်နေသော ဒန်လုကြောင့်စာဖတ်နေရင်းမှ စာလွှာအားအကြည့်မပျက်မေးလိုက်ခြင်း .." ဟို .. "
သူ၏အမေးအား ပြတင်းပေါက်နားမှထိုင်ကာအပြင်သို့ငေးနေသော ဖိန်းဖိန်းအားကြည့်ကာ ပြောဖို့စဉ်းစားနေသည့်ဒန်လုကြောင့် ..
" ပြောမှာသာပြော "
" ဟို.. သူ့ကိုဒီအတိုင်းထားတော့မလို့လား အရှင်"
" ဒီအတိုင်းမထားလို့ ဘယ်လိုထားရမှာလဲ "
" မဟုတ်ဘူးလေအရှင် သူကကိုယ်လုပ်တော်တောင်မဟုတ်ဘူး ကချေသည်ပဲကို ဘုရင်မအဆောင်တော်မှာထားတာက မသင့်တော်ပါဘူးအရှင် "
" အင်း ငါသိတယ် ဒါပေမယ့်ဘယ်သူကဘာပြောနေလို့လဲ ပြောတဲ့သူကိုခေါ်ခဲ့ ငါကျေနပ်လို့ ငါ့အဆောင်ထဲထားတာ သူတို့ကဘာဖြစ်နေကြတာလဲ "
" ဒါပေမယ့် အရှင် "
" အဲ့ဒါကိုထားလိုက်အုံး.. အခုတော့သူမကိုဒီမှာပဲထားမယ် နောက်မှတမျိုးစီစဉ်တာပေါ့ လာမယ့်နွေဦးပွဲတော်မှာ သူမကိုအားလုံးရှေ့မှာချပြမှာပါ .. ပွဲတော်မတိုင်ခင်တော့ငါကိစ္စရှိလို့ခရီးထွက်ရမယ် ငါမရှိတုန်းသူမကိုစောင့်ရှောက်ထားလိုက် "
" ဒန်လု သေချာမှတ်ထားပါ့မယ်အရှင် "
.
.
.ပိုင်ချန်ရွာ၏ဖြစ်ပေါ်နေသောကိစ္စအား ဘုရင်မကိုယ်တိုင်ဖြေရှင်းမည်ဖြစ်၍ ခရီးထွက်ရန်ပြင်ဆင်နေကြသည်.. ဒန်လုမှာလဲ ဘုရင်မအတွတ်ခရီးလမ်းတွင် လိုအပ်သည်များပြင်ဆင်နေရင်း ဘုရင်မအနားကမခွာသော ဖိန်းဖိန်းအားကြည့်ကာသက်ပြင်းချမိတော့သည်..
YOU ARE READING
ဧကရီ၏ ကချေသည် [ဧကရီ၏ ကေခ်သည္ ]
Historical Fictionငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ ငါမင်းကို နောက်ဆုံးအချိန်ထိ အဆုံးရှုံးမခံနိုင်ဘူး ဖိန်းဖိန်းမင်းဟာငါ့အတွတ်တော့ တခုထဲသောဖြစ်တည်မှုပါ GL ( Unicode & Zawgyi Code )