အပိုင်း ၃၉၁ ကန့်သတ်ခံရသော ပညာရှင်များ

641 43 0
                                    

အပိုင်း ၃၉၁ ကန့်သတ်ခံရသော ပညာရှင်များ၊ မျိုးဆက်သစ်ကောင်းကင်သားတော်များအတွက် ထွက်ပေါ်လာသော အင်ပါယာကံကြမ္မာအခွင့်အလမ်း

“ ချမ် အင်ပါယာနန်းတော်၊ မင်း နောက်ဆုံးတော့ ပေါ်လာပြီပဲ”
ချူခွမ်းရန်သည် ယွမ်ဝူတောက်ဆီမှ ရခဲ့သော ကျောက်စိမ်းအဆောင်ကို ထုတ်ယူလိုက်သည်။

ဤကျောက်စိမ်းအဆောင်သည် အလင်းရောက်ဖျော့ဖျော့ ဖြာထွက်နေ၏။

သူက အဝေးသို့ ငေးကြည့်လိုက်သည်။ ချမ်အင်ပါယာနန်းတော် ပြန်လည် ထွက်‌ပေါ်လာသောကြောင့် သူသိသော လျှို့ဝှက်နယ်မြေများသည် အရင်ကတည်းက ထိုနေရာသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

“ ငါလည်း ပျော်ဖို့ရွှင်ဖို့ သွားသင့်တယ်ထင်ပါရဲ့”
ချူခွမ်းရန်သည် သူ့လက်၌ ကျောက်စိမ်းအဆောင်ကို ကိုင်ပြီး ပြောသည်။

သူထွက်မသွားမီ၊ အကြီးအကဲရူယန်ကို ဆင့်ခေါ်လိုက်၏။

“ ရူယန်၊ ကျုပ် ကောင်းကင်နက်ဂိုဏ်းထဲမှာ အစီအရင်တစ်ခု တည်ဆောက်ခဲ့တယ်။ ကျုပ် မင်းကို အသက်သွင်းဖို့ နည်းစနစ်သင်ပေးမယ်။ တစ်ယောက်‌ယောက်က ငါတို့ နယ်မြေထဲ ကျူးကျော်လာပြီး မင်းတို့ မကိုင်တွယ်နိုင်ဘူးဆိုရင် အဲဒါကို အသက်သွင်းလိုက်ပါ”
ချူခွမ်းရန်က သူမကို ပြောသည်။

သူ အဝေး၌ ရှိသောအခါ သူ့ကိုယ်ပိုင်အိမ်ကို မဆုံးရှုံးချင်ပေ။

“ သေချာတာပေါ့”
အကြီအကဲရူယန်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

သူမက အနည်းငယ် အံ့သြနေ၏။
သူမ၏ ဂိုဏ်းချုပ်က အစီအရင်တစ်ခု ဘယ်လို တည်ဆောက်ရသည်ကို သိသည်လော။

မည်သို့ပင်ဆိုစေကာမူ၊ ချူခွမ်းရန် သိသော အရာများစွာရှိပြီး အခုအခါ ၎င်းတို့ စာရင်း၌ အစီအရင်တည်ဆောက်ခြင်းကို ထည့်သွင်းနိုင်ပြီဖြစ်သည်။ အမှန်တွင်၊ ၎င်းက အကြီးအကဲရူယန်အတွက် အံ့အားသင့်မှု မဖြစ်စေခဲ့ပေ။

သို့ရာတွင်၊ ကောင်းကင်နက်ဂိုဏ်းတွင် အလွန်ရှားပါးသော ပညာရှင်အဆင့်အစီအရင်ဖြစ်သည့် တောင်ကာကွယ်ခြင်းအစီအရင် ရှိနှင့်ပြီးဖြစ်၏။ ချူခွမ်းရန် တည်ဆောက်ထားသော ဤအစီအရင်အသစ်က ထိုပညာရှင်အဆင့်အစီအရင်ထက် ပိုကောင်းသည်လော။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now