အပိုင်း ၄၆၄ ရူးသွပ်စရာခွန်အားကောင်းခြင်း

140 6 0
                                    

အပိုင်း ၄၆၄  ရူးသွပ်စရာခွန်အားကောင်းခြင်း၊ ပညာရှင်တစ်ဦး၏ အမြင့်ဆုံးအကန့်အသတ်၊ ကောင်းကင်ဘုံပညာရှင်

နိမိတ်ဖြစ်စဥ်ကို ကောင်းကင်ကြယ်တာရာ၌သာ မြင်ရခြင်း မဟုတ်ပေ။

ကောင်းကင်တစ်လျှောက် ဖြစ်ပေါ်နေသော ခရမ်းရောင်မိုးကုတ်စက်ဝန်းဖြစ်စဥ်သည် ကောင်းကင်ကိုးခုနှင့် မြေအောက်ကမ္ဘာ၌ပါ ထွက်ပေါ်နေ၍ ထိုဘုံရှိ ကြီးမြတ်သူများကို တုန်လှုပ်စေသည်။

“ သုံးနှစ်အတွင်းမှာ ခရမ်းရောင်မိုးကုတ်စက်ဝန်းဖြစ်စဥ်က နှစ်ကြိမ်တောင် ပေါ်ထွက်နိုင်တာလဲ။ ဒီလိုမျိုးတစ်ခုခု ဖြစ်နိုင်ချေက အရမ်းရှားပါးလွန်းတယ်”

“ လူတစ်ယောက်တည်း ဖြစ်နိုင်မလား”
“ ဆိုတော့၊ ဘယ်လိုလူက ဒီလိုမျိုး နိမိတ်ဖြစ်စဥ်တစ်ခုကို နှစ်ကြိမ်တောင် ဖြစ်စေတာလဲ။ ဒီကိစ္စကို သေသေချာချာ စုံစမ်းရမယ်”

ထိုဘုံနှစ်ခုမှ ကြီးမြတ်သူများ၏ တုံ့ပြန်မှုများကို ခတ္တဖယ်ထားလိုက်ပါ။

ထိုအချိန်တွင်၊ ကောင်းကင်ကြယ်တာရာရှိ ကောင်းကင်၏ တစ်နေရာတွင်။
မယုံနိုင်စရာ ကြီးမားသော နတ်သမီးလှေတစ်စီးသည် လေဟာနယ်မှ ရုတ်တရက် ထွက်ပေါ်လာ၏။

ကွီခနဲ အသံဖြင့်အတူ အခန်းတစ်ခုမှ လူတစ်ယောက် လမ်းလျှောက်ထွက်လာသည်။ ၎င်းသည် နှင်းကဲ့သို့ ဖြူဖွေးသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး သူက အလွန် ခန့်ညားချောမောသည်။ သူသည် အထက်ဘုံမှ ဆင်းသက်လာသော အင်‌မော်တယ်တစ်ဦးကဲ့သို့ပင်။

သူ၏ သေမျိုးလူသားအဖြစ် တည်ရှိနေသည့် ဝိညာဥ်စွမ်းအားအတက်အကျမရှိခြင်းဖြင့် နှိုင်းယှဥ်ပါက ချူခွမ်းရန်၏ အော်ရာသည် ယခုအခါ၌ နားမလည်နိုင်တော့ပေ။

ထိုနေရာတွင် သူ ရပ်နေရုံဖြင့် ရှိန်လောက်စရာ လေထုတစ်ခု ရှိနေသည်။

ချူခွမ်းရန်က အခန်းတွင်းမှ လမ်းလျှောက်ထွက်လာသည်တွင် ခရမ်းရောင်အခိုးအငွေ့များက သူ့ဆီ ပြေးဝင်လာခဲ့သည်။ ကောင်းကင်တစ်ဝှမ်းရှိ ခရမ်းရောင်အငွေ့များသည် ၎င်းတို့၏ အိမ်ကို ရှာတွေ့သလို သူ့ဆီ လာခြင်း ဖြစ်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Tempat cerita menjadi hidup. Temukan sekarang