အပိုင်း ၄၄၃ ကြီးကျယ်သောပြသမှု၊ ချူခွမ်းရန်အပေါ် မြူစိမ်း နတ်သမီး၏ မုန်းတီးမှု

239 17 0
                                    

အပိုင်း ၄၄၃  ကြီးကျယ်သောပြသမှု၊ ချူခွမ်းရန်အပေါ် မြူစိမ်း နတ်သမီး၏ မုန်းတီးမှု

အင်ပါယာလျှို့ဝှက်နယ်ပယ်။
ခမ်းနားသော နန်းတော်တစ်ခုအတွင်း။

ယောင်္ကျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးသည် သူတို့ရှေ့တွင် ရှိနေသော ရွှေ‌ရောင်စာအုပ်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေသည်။ စာအုပ်ကား အင်ပါယာအော်ရာလှိုင်းများ ဖြာထွက်နေ၏။

၎င်းက အင်ပါယာကျမ်းစာတစ်ခုဖြစ်မည်မှာ အထင်အရှားပင်။

အင်ပါယာကျမ်းစာ၏ ဘေးနှစ်ဖက်တွင် မယုံနိုင်အောင်ပြင်းထန်သော အသက်စွမ်းအားတစ်ခု စီးဆင်းနေသည့် အထွတ်အထိပ်ဆေးပင်နှစ်ခု ရှိနေသည်။ ၎င်းတို့ကား အင်ပါယာအဆင့် အထွတ်အထိပ်ဆေးပင် နှစ်ခု ဖြစ်၏။

ထို့အပြင်၊ နန်းတော်ထဲတွင် များပြားစွာသော အခြားရတနာများလည်း ရှိနေသည်။

၎င်းတို့အားလုံးက ပညာရှင်အဆင့် ရတနာများ ဖြစ်၏။

“ မြူစိမ်းနတ်သမီးနဲ့  သွေးဝိညာဥ်ကလေးငယ်။ ဒီမှာရှိတဲ့ အထွတ်အထိပ်ဆေးနှစ်ပင်နဲ့ အင်ပါယာကျမ်းစာကို ငါလိုချင်တယ်။ ကျန်တာကိုတော့ မင်းတို့ အချင်းချင်း ဝေမျှလို့ ရတယ်”

မီးခိုးရောင်ဝတ်ရုံဖြင့် လူငယ်က သူတို့အား ပြောသည်။
ထိုလူ၏ ခန္ဓာတစ်ကိုယ်လုံးတွင် ကြမ်းကြုပ်သော သေခြင်းဆီများ ပြေးလွှားနေ၏။

“ ကွေ့ဝူချောင် ၊ ဒီအင်ပါယာကျမ်းစာဟာ ဒီအခန်းထဲမှာ အဖိုးတန်ဆုံးပဲ။ ဒါကို မင်းအတွက် တောင်းဆိုတာက အရမ်းလွန်တယ်လို့ မထင်ဘူးလား”
သွေးဝိညာဥ်ကလေးငယ်က ငြင်းဆန်သည်။

“ ဘာကြောင့်လဲ။ မင်းတို့မှာ ကန့်ကွက်စရာရှိလား။ မင်းလို နှစ်ယောက်ဆိုရင်တောင် ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ။ မင်းတို့တွေဟာ နိုးထနဂါးစာရင်းမှာ ငါးဆယ့်ခြောက်နဲ့ ခြောက်ဆယ့်တစ်ပဲ ဖြစ်တယ်ဆိုတာ မမေ့နဲ့”

    ကွေ့ဝူချောင်က တဟားဟား ရယ်လိုက်သည်။ သူ့မျက်လုံးထဲတွင် အထင်သေးသော အရိပ်အမြွတ် ရှိနေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၂ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၂Where stories live. Discover now